BEC-TERO TV

အမေရိကန်စစ်ရဟတ်ယာဉ်တံခါး ဂျပန်စာသင်ကျောင်းပေါ်ပြုတ်ကျ

14 Dec 2017     1,545 Views


ဒီဇင်ဘာလ ၁၃ ရက်နေ့က ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါရှိ စာသင်ကျောင်းတစ်ခု၏ အားကစားကွင်းအတွင်းသို့ CH-53E အမေရိကန်စစ်တပ် ရဟတ်ယာဉ်ရဲ့ တံခါးတစ်ချပ်ပြုတ်ကျခဲ့ကြောင်း သိရှိရသည်။


ဒီဇင်ဘာလ ၁၃ ရက် နံနက် ၁၀ နာရီ ၉ မိနစ်ခန့်က ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်အတွက် အထူးဝမ်းနည်းမိကြောင်း ယင်းဖြစ်ရပ်ကြောင့် အမေရိကန်စစ်သားများ နေထိုင်မှဒကို ဆန့်ကျင်လာနိုင်ကြောင်း အမေရိကန်မရိန်းတပ်က ကြောညာချက်ထုတ်ပြန်ခဲ့သည်။


ရဟတ်ယာဉ်တံခါးပြုတ်ကျချိန်တွင် ကျောင်းသားများ စာသင်နေချိန်နဲ့ တိုက်ဆိုင်နေသောကြောင့် ကစားကွင်းအတွင်း လူမရှိခဲ့သည့်အတွက် အကြီးအကျယ်ထိခိုက်ဒဏ်ရာရရှိသူမရှိသော်လည်း မြေမှုန်များလွင့်စင်မှုကြောင့် ကျောင်းသားအချို့ ပွန်းပဲ့ဒဏ်ရာသာရခဲ့ကြောင်း နိုင်ငံတစ်ကာသတင်းများတွင် ဖော်ပြခဲ့သည်။

ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန် စစ်အခြေစိုက်စခန်း တာဝန်ရှိသူများက အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး အထူးစိတ်မကောင်းဖြစ်မိကြောင်း၊ စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့သည်။



 


14 Dec 2017     1,545 Views




RELATED

Most Popular of International News

Most Popular of NEWS