ကိုယ်ဝန်ဆောင်များထိုင်ခုံရရန်ကူညီပေးနိုင်သော အက်ပလီကေးရှင်း ဂျပန်တွင် မိတ်ဆက်
14 Dec 2017 1,458 Views

မွေးဖွားနှုန်းကျဆင်းနေလို့ မိခင်လောင်းတွေ နေထိုင်ရေးအဆင်ပြေအောင် အစိုးရက စီစဉ်ပေးနေတဲ့ ဂျပန်နိုင်ငံမှာကိုယ်ဝန်ဆောင်အမျိုးသမီးတွေထိုင်ခုံရလိုရင် အလွယ်တကူရနိုင်အောင် ကူညီပေးမယ့် ဖုန်းအက်ပလီကေးရှင်းတစ်ခု စတင်မိတ်ဆက်ခဲ့ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ရထားနဲ့ခရီးသွားတဲ့အချိန် ထိုင်ခုံရဖို့မလွယ်တဲ့ ပြသာနာကိုဖြေရှင်းပေးဖို့ ဂျပန်နိုင်ငံမြို့တော် တိုကျိုက ဂင်းဇရထားလိုင်းမှာ ဖုန်းအက်ပလီကေးရှင်း တစ်ခုကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။
အက်ပလီကေးရှင်းသုံးတဲ့ ကိုယ်ဝန်ဆောင်တွေက ထိုင်ချင်တဲ့အခါ စာတိုတစ်စောင်ပေးပို့နိုင်ပြီး အဲဒီအက်ပလီကေးရှင်းမှာ ကြိုတင်မှတ်ပုံတင်ထားတဲ့ သူတို့ ထိုင်ခုံကိုပေးမယ်လို့ပြောထားတဲ့ အသုံးပြုသူတွေဆီစာတိုကိုပို့ပေးမှာဖြစ်တယ်။ ရထားနဲ့ ခရီးသွားရင် ဖုန်းအသုံးပြုနေသူတွေများလာပြီး ပတ်ဝန်းကျင်မှာနောက်ထပ်လူတစ်ဦး မတ်တပ်ရပ်နေ တာကို အလွယ်တကူမမြင်နိုင်ဖြစ်နေကြပါတယ်။
တိုကျိုမြေအောက်ရထားအာဏာပိုင်တွေက ရထားပေါ်မှာ ဖုန်းအသုံးပြုလေ့ရှိကြတာကို အသုံးချပြီး မိခင်လောင်းတွေကို နေရထိုင်ရပိုအဆင် ပြေအောင် ဖန်တီးပေးလိုက်တာဖြစ်တယ်လို့ပြောပါတယ်။ အက်ပလီကေးရှင်းအသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ပေါက်ကြားမှာ မဟုတ်ဘူးလို့ အက်ပလီကေးရှင်းဖန်တီးခဲ့တဲ့ ဒါအီနစ်ပွန်ကုမ္ပဏီကပြောပါတယ်။ဂျပန်နိုင်ငံမှာ မွေးဖွားနှုန်းကျဆင်းနေပြီး မိခင်လောင်းတွေကို နေထိုင်ရေးပိုအဆင်ပြေအောင် ဂျပန်အစိုးရက စီစဉ်နေချိန်မှာ ဒီအက်ပလီကေးရှင်းကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ဒါအီနစ်ပွန်ကုမ္ပဏီက မသန်စွမ်းတွေနဲ့သက်ကြီးရွယ်အိုတွေကို ကူညီပေးနိုင်မယ့်ဖုန်းအက်ပလီကေးရှင်းတွေ ထပ်ထုတ်သွားဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။