တရုတ်၊ အိန္ဒိယနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးများ ဒေလီမြို့တွင်တွေ့ဆုံခဲ့
14 Dec 2017 1,490 Views

တရုတ်၊ အိန္ဒိယနဲ့ရုရှားနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီး(၃)ဦးတို့ဟာ ဒီဇင်ဘာ(၁၁)ရက်က အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမှာတွေ့ဆုံခဲ့ပြီး အာရှပစိဖိတ်ဒေသဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။ တရုတ်၊ရုရှားနဲ့ အိန္ဒိယနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီး(၃)ဦးဟာ အာရှ-ပစိဖိတ်ဒေသ လုံခြုံရေးကို ဆက်လက်ထိန်းသိမ်းထားဖို့နဲ့စီးပွားရေးဆိုင်ရာကဏ္ဍအကောင်အထည်ဖော်ဖို့ သဘောတူခဲ့ တယ်ဆိုပြီး (၃)နိုင်ငံပူးပေါင်းထုတ်ပြန်ခဲ့တဲ့ သတင်းထုတ်ပြန်ချက်မှာပါဝင်ပါတယ်။
ဒေသရဲ့စီးပွားရေးကို ထိန်းသိမ်းရာမှာ ပွင့်လင်းပြီး အားလုံးပါဝင်နိုင်ရမယ့်အပြင် အကျိုးရှိပြီး နိုင်ငံတကာဥပဒေတွေကို လိုက်နာသွားမှသာ ဒေသတွင်းငြိမ်းချမ်းမှုနဲ့တည်ငြိမ်မှုအချိန်ကြာနိုင်မှာ ဖြစ်တယ်ဆိုပြီး ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ဒေသရဲ့ဖိုရမ်တွေနဲ့ အဖွဲ့အစည်းတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ညီညွတ်မှုတွေရှိစေဖို့ လိုအပ်ချက်တွေကိုလည်း အလေးပေးပြောဆိုခဲ့ပါတယ်။တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီ၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး “ဆူရှ်မာ ဆွာရက်ဂ်ျ”နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်တို့ဟာ ဒေသရေးရာကိစ်္စရပ်တွေနဲ့ကမ္ဘာ့ရေးရာကိစ်္စရပ်တွေကို ဆွေးနွေးခဲ့တယ်ဆိုပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဘရစ်ခ်စီးပွားရေးအစုအဖွဲ့အတွင်း ပူးပေါင်း ဆောင်ရွက်မှုတွေကို အကောင်အထည်ဖော်သွားဖို့အရေးကြီးတယ်ဆိုပြီး (၃)နိုင်ငံက ထပ်လောင်း ပြောခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။(၃)နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေဟာ တခြား နိုင်ငံတွေကို ဆန့်ကျင်တာမဟုတ်ဘူးလို့လည်း ပါဝင်ပါတယ်။(၃)နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံတာဟာ အခုတစ်ကြိမ်နဲ့ဆိုရင်(၁၅)ကြိမ်ရှိနေပြီဖြစ်ပါတယ်။