BEC-TERO TV

မျိုးဗီဇကြောင့် နာကျင်မှုဆိုတာကိုမသိတဲ့ မိသားစု

14 Dec 2017     1,223 Views


            အီတလီလူမျိုးမိသားစုတစ်စုဟာ သူတို့ရဲ့မျိုးရိုးဗီဇ အရ နာကျင်မှုကို သာမန်လူသားတွေလောက် မခံစားရပါဘူး။ သိပ္ပံပညာရှင်တွေ အဆိုအရ ဒါဟာ အကိုက်အခဲ ပျောက်ဆေး တစ်မျိုး ကို ဖော်ထုတ်နိုင်လိမ့် မယ်လို့ ထင်ကြေးပေးကြပါတယ်။ ဒီမိသားစုဝင်တွေထဲမှာ ၇၈ နှစ်အရွယ် မိန်းမကြီးတစ်ယောက်ရယ်၊ အရွယ် ရောက်ပီးသမီးနှစ်ယောက်ရယ်နဲ့ သူတို့ရဲ့ကလေး ၃ ယောက်တို့ပါဝင်ပါတယ်။

ဒီမိသားစုဝင်တွေအားလုံးဟာ ကျနော်တို့လို သာမန်လူသားတွေလို့ နာကျင်မှုကို ခံစားရလေ့မရှိသလို ဒဏ်ရာအနာတရ ရကြရင်လည်း ကိုယ့်ကိုကို နာကျင်ကြမှန်းမသိကြပါဘူး။ သူတို့ရဲ့ခန္ဓာကိုယ်ကိုစစ်ဆေး ကြည့်တဲ့ အခါ သူတို့ကိုတိုင်တောင်မသိ ဘဲ အရိုးတွေကျိုးပဲ့နေတာကိုလည်း တွေ့ရပါတယ်။

လန်ဒန်တက္ကသိုလ်မှ James Cox က “သူတို့တွေ က အနာတရ တစ်ခုခုဖြစ်ရင် အစောပိုင်းနာကျင်မှုကို ခံစားရတယ် ၊ပီးတော့ ချက်ချင်းပဲ နာတာပျောက်သွားတယ်၊ တစ်ခါကဆိုရင် Letizia လေးတစ်ယောက် နှင်းလျှောစီးရင်းနဲ့ ချော်လဲတာ ပုခုံးရိုး ကျိုးသွားတယ်၊ဒါတောင် တစ်နေကုန်လုံး နှင်းလျှော ဆက်စီး ပီး နောက်တစ်နေ့မှ ဆေးသွားစစ်ကြည့်တာ” ဟုပြောခဲ့ပါတယ်။

            ဒီဖြစ်စဉ်ကို အဖြေရှာကြည့်ဖို့ Cox နဲ့ တက္ကသိုလ် ကျောင်းသားတွေဟာ စမ်းသပ်မှုတစ်ချို့ စမ်းသပ်ခဲ့ ကြပါတယ်။ ကျောင်းသားတွေ ဟာ ဒီမိသားစုဟာ သာမန်လူသားတေလိုပဲ အာရုံ ၆ ပါးစလုံးမှာ သာမန် အာရုံကြော တွေပဲ ရှိကြပီး ထူးခြားချက်က ZFHX2 ဆိုတဲ့ မျိုးရိုးဗီဇ ရှိတာကိုတွေ့ရှိခဲ့ပါတယ်။

ဒီ ZFHX2 ကို ကြွက်တွေထဲကို ထိုးသွင်းပီး အမြီးကို လက်နဲ့ ညှပ်ကြည့်တဲ့ အခါ ကြွက်တွေဟာ နာကျင်မှု ရှိသည်ကို မတွေ့ရ တာကြောင့် ZFHX2 ဟာ အဓိက အဖြေဆိုတာကိုဖော်ထုတ်နိုင်ခဲ့ ကြပါတယ်။ Cox တို့ အဖွဲ့ဟာ ဒီ မျိုးရိုးဗီဇကို အသုံးချပီး ဆေးရုံ၊ဆေးခန်း ခဏခဏ လာပြနေ ရတဲ့ နာတာရှည်ရောဂါသည် တွေကို ကုသပေးနိုင်မယ်လို့ ယုံကြည်ကြပါတယ်။ နာကျင်မှုကို မခံစားရသူတွေအတွက် လည်း ဖြေဆေးကို တီထွင်နိုင်မည်ဟု Cox တို့ အဖွဲ့ ကဆိုသည်။ အဖွဲ့ဝင် John Wood က ဒီမိသားစုကို သာမန်လူတွေလို နာကျင်မှုကို ပြန်ခံစားချင်လားဟုမေးခဲ့ ရာ ငြင်းဆိုခဲ့ကြောင်းသိရသည်။


14 Dec 2017     1,223 Views




RELATED

Most Popular of Special or Others

Most Popular of NEWS