BEC-TERO TV

အိမ်ထောင်ဆက်အများဆုံး အမျိုးသားအဖြစ် ဗြိတိန်မှာကျော်ကြားသူ

14 Dec 2017     1,949 Views


အသက် ၆၉ နှစ်အရွယ်ရှိတဲ့ ဗြိတိန်နိုင်ငံသား ရွမ်ရှပ်ပန်ဟာ ဗြိတိန်နိုင်ငံမှာ အကြိမ်အများဆုံး လက်ထပ်သူအဖြစ် နာမည်ကျော်ကြားပါတယ်။ သူဟာ သူ့ရဲ့ (၈)ယောက်မြောက် ဇနီးလောင်းထွက်သွားပြီးကတည်းက အချစ်ရေးရာ အလှည့်အပြောင်းတွေနဲ့ ကြုံတွေ့နေရကြောင်းကို အမေရိ ကန်၊ ဗီရက်နမ်၊ ဂမ်နာ၊ အော်ဇီ နဲ့ ဗြိတိန် သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။

ဗြိတိန်နာမည်ကြီးသရုပ်ဆောင် တစ်ဦးလည်း ဖြစ်တဲ့ ရှပ်ပန်ဟာ လူလွတ်လို့ ဆိုလိုက်ကတည်းက အနည်းဆုံး အမျိုးသမီး ဆယ်ယောက်ခန့် သူ့ကိုဆက်သွယ်လာကြောင်း ပြောခဲ့ပါတယ်။ သူကတော့ ဒီလိုသတင်းမြန်မြန် ပြန့်သွားတဲ့အတွက် ကိုးယောက်မြောက် ဇနီးလောင်းမြန်မြန်ရနိုင်မည်ဟု မျှော်လင့်မိကြောင်း ပြောခဲ့ပါတယ်။

လွန်ခဲ့သောနှစ်က ရှပ်ပန်ဟာ အာရုံကြောအားနည်းတဲ့ရောဂါ ခံစားခဲ့ရပြီး ဖိလစ်ပိုင်နိုင်ငံမှာ ဆေးသွားကုခဲ့ရ ကြောင်း၊ ယခုတော့ မင်္ဂလာဆောင်ပြီး ပျော်ပျော်ရွင်ရွင်နေထိုင်နိုင်မည်လို့ မျှော်လင့်မိကြောင်း ပြောခဲ့ပါတယ်။ သူဟာ သူ့ရဲ့ နောက်ဆုံးဇနီးဖြစ်သူနဲ့ တစ်နှစ်ခန့်သာ တူတူနေထိုင်ခဲ့ရပြီး မကြာသေးခင်ကမှ လမ်းခွဲခဲ့ကြောင်း ပြောခဲ့ပါတယ်။

ရှပ်ပန်ကတော့ သူ့ရဲ့ အိမ်ထောင်ရေးကိစ္စနဲ့ပက်သက်ပြီး အံ့သြမိကြောင်း၊ သူရဲ့လက်စွဲဆောင်ပုဒ် နော်မန်လူမျိုး များရဲ့ အဆိုအမိန့်ဖြစ်တဲ့ “ငါ့ကိုယ်ငါ ဘယ်သူလဲဆိုတာကို ပြောင်းလဲလို့မရနိုင်ဘူး၊ ဒါဟာ ပက်သက်မှုအတွက် သော့ချက်တစ်ခုပဲ၊ မင်းရဲ့ ယုံကြည်မှုအတွက် မင်းကိုယ်မင်း မညာရဘူး”လို့ ပြောခဲ့ပါတယ်။ သူဟာနောက်တစ်ကြိမ်လက်ထပ်ဖို့ အတွက်မျော်လင့်နေကြောင်း ပြောခဲ့ပါတယ်။


14 Dec 2017     1,949 Views




RELATED

Most Popular of Special or Others

Most Popular of NEWS