BEC-TERO TV

မြန်မာနိုင်ငံတွင် အမျိုးသမီးဘွဲ့ရပညာတတ်ဦးရေ အမျိုးသားထက်မြင့်မား

15 Dec 2017     1,275 Views


မြန်မာနိုင်ငံ ဘွဲ့ရပညာတတ်ရာခိုင်နှုန်းတွင် အမျိုးသမီးများက အမျိုးသားများထက်များနေကြောင်း ၂၀၁၄ ခုနှစ် သန်ခါင်းစာရင်းအစီရင်ခံစာအရ တွေ့ရှိရကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ဒီဇင်ဘာလ ၁၄ ရက် နေပြည်တော် MICC II တွင် ပြုလုပ်သော ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်ပြီးမြောက်ခြင်း အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် စုစုပေါင်းလူဦးရေ ၅၁.၄၈ သန်းရှိသည့်အနက် အမျိုးသမီးဦးရေ ၂၆.၇ သန်းနှင့် အမျိုးသားဦးရေ ၂၄.၈ သန်းရှိရာ အမျိုးသမီးဦးရေ ပိုမိုများသကဲ့သို့ ဘွဲ့ရပညာတတ်မှုနှဒန်းမှာလည်း အမျိုးသားများထက်ပိုမိုများနေတာကို တွေ့ရှိရခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က စပ်ဆက်၍ ဘွဲ့ရအမျိုးသမီးများအား အရည်အချင်းနှင့် လိုက်လျောညီထွေသော အလုပ်အကိုင်များ ဖန်တီးပေးရန်လိုအပ်နေကြောင်းနှင့် အမျိုးသားများ အဆင့်မြင့်ပညာရေးကို မတက်ရောက်နိုင်သည့် အကြောင်းရင်းများကိုလည်း ရှာဖွေရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အသက် ၂၅ နှစ်မှ ၂၉ နှစ်အတွင်းရှိ လူငယ်ဦးရေ သုံးပုံတစ်ပုံခန့်မှာ ကျောင်းမနေဖူးကြောင်း တွေ့ရှိရသဖြင့် အဆိုပါလူငယ်များအတွက် လက်မှုပညာ၊ နည်းပညာ သင်တန်းကျောင်းများ ဖွင့်လှစ်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
 


15 Dec 2017     1,275 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS