BEC-TERO TV

ဦးခေါင်းကို ၁၈၀ ဒီဂရီလှည့်နိုင်သည့် ထူးဆန်းသောလူငယ်(ရုပ်သံ)

17 Dec 2017     1,851 Views


ပါကစ္စတန်နိုင်ငံက အသက် ၁၄ နှစ်အရွယ်ရှိတဲ့ လူငယ်လေးတစ်ယောက်ဟာ သူ့ရဲ့ ဦးခေါင်းကို ၁၈၀ ဒီဂရီအထိလှည့်နိုင်စွမ်းရှိတာကြောင့် သူ့ကိုလူအများက မောင်ဇီးကွက်လို့ အမည်ပြောင်ပေးထားကြပါတယ်။  ကာရာချီမှာ နေတဲ့ မူဟာမက် ဆမ်မီးယားဟာ သူ့ရဲ့လက်နှစ်ဖက်ကို အသုံးပြူပြီး ကျောနောက်ကို ၁၈၀ ဒီဂရီလှည့်နိုင်အောင် ပြုလုပ်ခဲ့ပါ အခုဆိုရင်တော့ သူဟာ သူ့ရဲ့ စွမ်းရည်ကို အသုံးပြုပြီး ဟောလီးဝုဒ်ရုပ်ရှင်ဇာတ်ကားမှာပါဝင်ဖို့ မျှော်လင့်နေ တယ်လို့ UK သတင်းဌာနကို ပြောခဲ့ပါတယ်။

ဆမ်မီးယား ဆိုတဲ့ဆယ်ကျော်သက်အရွယ် လူငယ်ဟာ ယခုလို လုပ်နိုင်တဲ့ စွမ်းရည်ကိုရရှိအောင် အသက်ခြောက်နှစ်၊ ခုနှစ်နှစ်အရွယ်ကတည်းက လေ့ကျင့်ခဲ့ကြောင်း၊ သူဟာ ဟောလီးဝုဒ်ရုပ်ရှင်ဇာတ်ကားထဲမှာပါတဲ့ သရုပ်ဆောင်တစ်ယောက်ရဲ့ ပြုလုပ်ပုံကို နှစ်သက်ပြီး လေ့ကျင့်ရာမှ လပေါင်းများစွာ ကြာအောင် လေ့ကျင့်ခဲ့ရကြောင်းပြောခဲ့ပါတယ်။

ဆမ်မီးယားကတော့ အစပိုင်းမှာတော့ သူဒီလိုလုပ်တဲ့အတွက် သူ့ရဲ့အမေက အန္တရယ်ဖြစ်မှာစိုးရိမ်သည့်အတွက် ပါးရိုက်ကြောင်း၊ နောက်ပိုင်းကျွမ်းကျင်မှသာ ခွင့်လွတ်ပေးခဲ့ကြောင်း ပြောခဲ့ပါတယ်။ သူရဲ့ရည်မှန်းချက်ကတော့ ဒီလိုမျိုးစွမ်ရည်နဲ့ ရုပ်ရှင်ကားထဲမှာ သရုပ်ဆောင်နိုင်ဖို့လို့ ဆိုပါတယ်။

ဖခင်ဖြစ်သူရဲ့ ကျန်းမာရေးကြောင့် ကျောင်းထွက်ခဲ့ရပြီး  Dangerous Boys ဆိုတဲ့ အကအဖွဲ့မှာ ပါဝင်လှုပ်ရှားရင်း ငွေရှာနေကြောင်း ပြောခဲ့ပါတယ်။

အသက် ၄၅ နှစ်အရွယ်ရှိတဲ့ သူမရဲ့ မိခင်ကတော့ ပညာသာသင်စေချင်ကြောင်း၊ ဒါပေမဲ့ ပညာသင်ဖို့ကံမပါ လာကြောင်း ပြောခဲ့ပါတယ်။ ဆမ်မီးယားရဲ့ ၀င်ငွေကတော့ တစ်ပွဲမှာ ရူဘီး ၅၀၀ မှ ၈၀၀ ကြားသာရှာနိုင်ပြီး သူ့မိသားစုကို ထောက်ပံနေကာ မောင်နှမများကို ကျောင်းဆက်တက်စေလိုကြောင်း ပြောခဲ့ပါတယ်။


17 Dec 2017     1,851 Views




RELATED

Most Popular of Special or Others

Most Popular of NEWS