BEC-TERO TV

၁၆ နှစ်အောက်လူငယ်များ မိဘအုပ်ထိန်းသူခွင့်ပြုမှသာ Facebook သုံးစွဲနိုင်သည့်ဥပဒေ ပြင်သစ်တွင်ပြဌါန်း

17 Dec 2017     1,580 Views


ပြင်သစ်နိုင်ငံမှ အသက် ၁၆ နှစ်အောက် လူငယ်များကို မိဘအုပ်ထိန်းသူရဲ့ ခွင့်ပြုချက်ပါမှသာ ဖေ့စ်ဘုတ်နှင့် အခြားလူမှု ကွန်ယက်များကို အသုံးပြုခွင့်ပေးသွားမယ်လို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။

လူငယ်များ ဖေ့စ်ဘုတ်အသုံးပြုမှုအပေါ် ဒီလိုတင်းကျပ်လာခြင်းဟာ ပြင်သစ်နိုင်ငံခွန်ကိုထိခိုက်စေသော အကြောင်းအရာများကြောင့်လို သိရပါတယ်။

တရားမျှတမှုကို လိုလားတဲ့ ပြင်သစ်ဝန်ကြီး နီကိုး ဘယ်လိုဘတ် ကတော့ အသက် ၁၆ နှစ်အောက်လူငယ်တွေကို မိဘအုပ်ထိန်းသူရဲ့ ခွင့်ပြုချက်ပါမှသာ ဖေ့စ်ဘုတ်နှင့် အခြားလူမှုကွန်ယက်များကို ပေးသုံးမည်ဖြစ်ကြောင်း၊ ထိုသို့ အသုံးပြုရန်မှာလည်း မိဘအုပ်ထိန်းသူမှ ခွင့်ပြုပါသည် ဟုဆိုသော သတ်မှတ်ချက်ကို အမှန်ခြစ်ပေးရမည်ဖြစ်ကြောင်း၊ ထိုအမှန်ခြစ်ထားသော အရေအတွက်ကိုလည်း  ဥပဒေအရ ထိန်းသိမ်းထားကြောင်း ပြောကြားခဲ့ပါတယ်။

ယခုအခြေအနေမှာတော့ ဖေ့စ်ဘုတ်ကို အသက်အနည်းဆုံး ၁၃ နှစ်မှစကာ အသုံးပြုခွင့်ပေးထားကြောင်း၊ သို့သော် အသက်လိမ်ကာ သုံးစွဲနေသူများရှိကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ အင်တာနက် အလွန်အကျွံသုံးစွဲမှုကို ထိန်းချုပ်ရန်အတွက် ဥပဒေပြဒါန်းရန် အထက်လွတ်တော်ကို တင်ထားကြောင်း  ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ပြင်သစ်ပညာရေးဝန်ကြီး ဂျင်းမိုက်ကယ် ဘန်ကွာမှ စာသင်ကျောင်းများတွင် မိုဘိုင်းဖုန်းများအသုံးပြုမှု ခွင့်ပြုခမှုကို ယခုနှစ်ကုန် နောက်ဆုံးထိသာ ခွင့်ပြုသွားမယ်လို့ဆိုပါတယ်။ ချွင်းချက်အနေဖြင့် စာသင်ခြင်းနှင့် အရေးအပေါ်အခြေအနေများ အတွက်သာ သုံးစွဲခွင့်ပေးသွားမည်လို့ ဆိုခဲ့ပါတယ်။


17 Dec 2017     1,580 Views




RELATED

Most Popular of International News

Most Popular of NEWS