BEC-TERO TV

မည်သည့်ဆိုင်ကယ်သော့မဆို ဖွင့်နိုင်သည့် မာစတာကီးရှိနေကြောင်းသတိပေး

19 Dec 2017     2,783 Views


ဆိုင်ကယ်သူခိုးများ အသုံးပြုနေသည့် နောက်ဆုံးထွင်ထားသော သော့ဖွင့်သည့် ကရိယာတစ်မျိုးမှာ မည်သည့်ဆိုင်ကယ်အမျိုးအစား၏ သော့ကိုမဆို အလွယ်တစ်ကူဖျက်ဆီးပြီး ဖွင့်လှစ်နိုင်ကြောင်း တွေ့ရှိရသဖြင့် နေပြည်တော် နယ်ထိန်းရဲအဖွဲ့မှ သတိပေးထားသည်။


အရှည် ၄ လက္မခန့်သာရှိသော အဆိုပါသော့မှာ အလွယ်တစ်ကူ ကွယ်ဝှက်သယ်ဆောင်နိုင်ပြီး ခိုးယူလိုသော ဆိုင်ကယ်အနီးရောက်မှ ဆိုင်ကယ်များတွင် ခတ်ထားသော ဇတ်သော့များကိုပါ တစ်ချက်လှည့်ရုံနှင့် ပွင့်သွားနိုင်သဖြင့် မျက်ကွယ်တွင် ဆိုင်ကယ်များကို မထားသင့်ကြောင်း သတိပေးထားသည်။ ယင်းသော့ဖြင့် ထိုးထည့်ကာ အားဖြင့်တသ်ချက်လှည်လိုက်ရုံဖြင့် သော့အတွင်းမှ ကြေးပင်လေးများ ကျိုးပျက်ပြီး သောပွင့်သွားအောင် စီရင်ထားခြင်းဖြစ်သည်။

ထို့ကြောင့် မိမိမျက်ကွယ်တွင် ဆိုင်ကယ်ကို ရပ်နားထားခဲ့ရမည်ဆိုပါက သံကြိုးသော့ခလောက်ပါ ထပ်မံခတ်ထားခဲ့ရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားထားသည်။

 

ဓါတ်ပုံ - နယ်ထိန်းရဲတပ်ဖွဲ့ (KhinYu)
 


19 Dec 2017     2,783 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS