BEC-TERO TV

ဂျပန်ကာကွယ်ရေးတပ်များ ပင်လယ်ဓားပြတိုက်ဖျက်ရေး အခြေစိုက်စခန်းကို ထုတ်ဖော်ပြသ

19 Dec 2017     1,742 Views


ဂျပန်ကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုမာလီယာပင်လယ်ဓားပြတွေကိုတိုက်ဖျက်မယ့် သူတို့ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို မီဒီယာတွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့ တွေက ပြီးခဲ့တဲ့(၆)နှစ်ကတည်းက အာဖရိကတိုက်အရှေ့ပိုင်းမှာ ရှိတဲ့ ဂျီဘူတီနိုင်ငံက အခြေစိုက် စခန်းတစ်ခုမှာ ပင်လယ်ဓားပြတွေရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတာဖြစ်ပါတယ်။
 
 
ဂျီဘူတီ နိုင်ငံပတ်ဝန်းကျင်မှာ ပင်လယ်ဓားပြမှုတွေလျော့ပါးသွားခဲ့ပေမဲ့ အခုနှစ်ပထမနှစ်ဝက်မှာ ပင်လယ်ဓားပြမှု (၇)မှုရှိခဲ့တယ်လို့ သတင်းပို့တာတွေရရှိခဲ့တယ်ဆိုပြီး ဂျပန်ကာကွယ်ရေး တပ်ဖွဲ့ကပြောပါတယ်။ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့က ဒီဇင်ဘာ(၁၂)ရက်နဲ့ (၁၃)ရက်မှာ ဂျီဘူတီနိုင်ငံက သူတို့ရဲ့ အခြေစိုက်စခန်းဆီ မီဒီယာတွေကိုဖိတ်ခေါ်ခဲ့ပြီး သူတို့ရဲ့လုပ်ငန်းစဉ်တွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။
 
 
အိန္ဒိယသမုဒ္ဒရာနဲ့ မြေထဲပင်လယ်ကိုဆက်သွယ်နေတဲ့ရေကြောင်းလမ်းမှာ အဓိကဆုံမှတ်နေရာဖြစ်နေတဲ့ ဂျီဘူတီ နိုင်ငံမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက အခြေစိုက်စခန်းတွေ ချထားပြီး ပင်လယ်ဓားပြတိုက်ဖျက်ရေးလုပ်ငန်းတွေ လုပ်နေကြပါတယ်။ တရုတ်နိုင်ငံကလည်း သူရဲ့ပထမဆုံးနိုင်ငံခြားအခြေစိုက်စခန်းကို ဂျီဘူတီနိုင်ငံမှာ ယခုနှစ်အစောပိုင်းက စတင်နေရာချ ထားလိုက်ပါတယ်။
 

19 Dec 2017     1,742 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS