BEC-TERO TV

နျူကလီးယားအင်အားကြီးနိုင်ငံဖြစ်လာပြီဟု မြောက်ကိုရီးယားနိုင်ငံကြေညာခဲ့

19 Dec 2017     1,398 Views


မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်လာပြီလို့ မြောက်ကိုရီးယား နိုင်ငံခေါင်းဆောင်ကင်ဂျုံအန်က လက်နက်ခဲယမ်းညီလာခံမှာ ကြေညာ လိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားဆိုင်ရာအင်အားကြီး နိုင်ငံဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ကို အောင်မြင်ခဲ့ပြီဆိုပြီး မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအန်ကကြေညာခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက သတင်းဖော်ပြ ပါတယ်။
 
 
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်က နျူကလီးယားလက်နက်ဖွံ့ဖြိုးရေး လုပ်ဆောင်နေတဲ့ ခေါင်းဆောင်တွေသာ တက်ရောက်ခဲ့တဲ့ မြောက်ကိုရီးယားလက်နက်ခဲယမ်း ညီလာခံမှာ ကြေညာခဲ့တာပါ။ မြောက်ကိုရီးယားနိုင်ငံဟာ ကမ္ဘာ့အင်အား အကြီးဆုံး နျူကလီးယား ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်လာတော့မှာဖြစ်တယ်လို့ ခေါင်းဆောင်ကင်ကပြောခဲ့ပါတယ်။ ကာကွယ်ရေးဆိုင်ရာ သိပ်္ပံနည်းပညာရှင်တွေနဲ့ လက်နက်ခဲယမ်းလုပ်သားတွေက နျူကလီးယား လက်နက်တွေကို အရည်အသွေးပိုကောင်းလာအောင် လုပ်နေကြပြီး မြောက်ကိုရီးယား အနေနဲ့ လက်နက်တွေ ပိုထုတ်သွားနိုင်တော့မှာဖြစ်တယ်လို့ KCNA ရဲ့သတင်းဖော်ပြချက်မှာ ပါဝင်ပါတယ်။ 
 
 
မြောက်ကိုရီးယားရဲ့နျူကလီးယားလက်နက်တွေ အရည်အသွေးပိုကောင်းလာပြီး အရေအတွက်လည်းပိုများလာဖွယ်ရှိနေတာကြောင့် ကျူးကျော်ရန်စမှုတွေလည်း ပိုများလာတော့မှာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေကသုံးသပ်ခဲ့ပါတယ်။ လက်နက်ခဲယမ်းညီလာခံမှာ ခေါင်းဆောင်ကင်က နိုဝင်ဘာလကုန်ပိုင်းမှာ မြောက်ကိုရီးယားနိုင်ငံက အောင်အောင်မြင်မြင်စမ်း သပ်ပစ်လွှတ်နိုင်ခဲ့တဲ့ ဟွာဆောင်း(၁၅)ဒုံးကျည်ကို ပြုလုပ်ခဲ့သူတွေကို လက်ဆောင်တွေပေးခဲ့ပြီး ညီလာခံတက်ရောက်လာသူတွေနဲ့အမှတ်တရဓာတ်ပုံရိုက်ခဲ့ပါတယ်။
 

19 Dec 2017     1,398 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS