BEC-TERO TV

ဖုန်းတွေပြောလွန်းတာဟာ ဦးနှောက်ကင်ဆာ ဖြစ်စေနိုင်ပါသလား...?

19 Dec 2017     1,334 Views


ဖုန်းတွေကို ကြိမ်ဖန်များစွာ အသုံးပြုခြင်းက ဦးနှောက်ကင်ဆာကို ဖြစ်စေနိုင်တယ်လို့ လူတော်တော် များများက ပြောကြပါတယ်။ ဦးနှောက်ကင်ဆာဟာ ဖုန်းက ထုတ်လွှင့်တဲ့  ဓာတ်ရောင်ခြည် ဖြာထွက်မှုများကြောင့် ဖြစ်တယ်လို့လည်း လူအများက တိတိကျကျ မသိပဲထင်ကြေးပေး ပြောဆိုနေကြပါတယ်။

အမှန်တကယ်တော့ လူအနည်းစုကပဲ ဖုန်းကနေ ထုတ်လွှင့်တဲ့ ဓာတ်ရောင်ခြည် ဖြာထွက်မှုအကြောင်းကို သေသေချာချာ နားလည်ကြတာပါ။ ကျနော်တို့တွေဟာ ဖုန်းပြောဆိုတဲ့အခါမှာ ဖုန်းကို နားမှာကပ်ပြောရတဲ့ အတွက်ကြောင့် ဖုန်းကနေထွက်တဲ့ ဓာတ်ရောင်ခြည်တွေဟာ အချိန်ကြာလာတာနဲ့အမျှ ဦးနှောက်ကို ထိစေတယ်လို့ ထင်ကြေးပေး ပြောဆိုလာကြတာဖြစ်ပါတယ်။

ဖုန်းတွေ စပေါ်ခဲ့တာဟာလည်း နှစ် ၃၀ ကျော်ခဲ့ပါပြီ။ အကယ်၍သာ ဖုန်းတွေကို အသုံးပြုခြင်းဟာ ကင်ဆာရောဂါကိုဖြစ်စေခဲ့မည်ဆိုလျှင် သတင်းစာတွေ၊ တီဗွီတွေမှာ ကြေညာခဲ့ပြီး ဖြစ်မှာပါ။ သိပ္ပံပညာရှင် များကတော့ “သီအိုရီအရ ဖုန်းတွေကို အသုံးပြုခြင်းဟာ ကင်ဆာရောဂါကို မဖြစ်စေပါဘူး၊ ဒီကိစ္စနဲ့ ပက်သက်ပြီးတော့ ကျနော်တို့ ဆက်လက် လေ့လာသွားဦးမှာပါ”  လို့ပြောခဲ့ပါတယ်။

ဖုန်းဓာတ်ရောင်ခြည်ဖြာထွက်မှုဟာ နယူကလီးယား ဓာတ်ရောင်ခြည်နဲ့ မတူပါဘူး။ နယူကလီးယား ဓာတ်ရောင်ခြည် ဖြာထွက်မှုဟာ ပြင်းထန်တာကြောင့် ကျနော်တို့ရဲ့ မျိုးရိုးဗီဇကို ထိခိုက်စေတဲ့ အတွက် ကင်ဆာရောဂါကို ဖြစ်စေပါတယ်။ ဖုန်းကနေ ထုတ်လွှင့်တဲ့ ဓာတ်ရောင်ခြည်ကတော့ ကျနော်တို့ မျက်စိနဲ့မြင်နိုင်တဲ့ အလင်းထက်တောင် လျော့နည်းတာကြောင့် မျိုးရိုးဗီဇကို မထိခိုက်စေပါဘူး။

ဒါကြောင့် ဖုန်းကထုတ်လွှင့်တဲ့ ဓာတ်ရောင်ခြည်ကြောင့် ကင်ဆာရောဂါ မဖြစ်နိုင်ပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ဖုန်းတွေကို အသုံးပြုခြင်းက ကင်ဆာရောဂါကို မဖြစ်စေနိုင်ကြောင်း ၂၀၁၁ ခုနှစ်တည်းကကြေညာခဲ့ပါတယ်။

 


19 Dec 2017     1,334 Views




RELATED

Most Popular of Special or Others

Most Popular of Life Style