BEC-TERO TV

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမိန့်ခွန်းနှင့် အိမ်ဖြူတော်သဘောထားကွဲလွဲနေ

19 Dec 2017     1,474 Views


မြောက်ကိုရီးယားနိုင်ငံနဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ အဆင်သင့်ရှိနေပြီလို့ပြောခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး“ရက်စ်တီလာဆန်”ရဲ့မိန့်ခွန်းဟာ အိမ်ဖြူတော်ရဲ့သဘောထားနဲ့ ကွဲလွဲနေတယ် ဆိုပြီး အိမ်ဖြူတော်အရာရှိတစ်ဦးက ပြောထားတယ်လို့ သတင်းတွေမှာ ဖော်ပြနေပါတယ်။
 
မြောက်ကိုရီးယားနိုင်ငံနဲ့ ဆွေးနွေးမှုတွေပြုလုပ်ရာမှာ တင်းမာမှုတွေလျှော့ချဖို့ အကြံပြုခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်က်စ် တီလာဆန်ရဲ့ သဘောထားဟာ အိမ်ဖြူတော်ရဲ့ သဘောထားနဲ့ကွဲလွဲနေတယ်လို့ သတင်းတွေမှာဖော်ပြပါတယ်။ ကြိုတင်သတ်မှတ်ချက်တွေမရှိဘဲ မြောက်ကိုရီးယားနိုင်ငံနဲ့ ဆွေးနွေးမှုတွေပြုလုပ်သွားဖို့ အဆင်သင့် ရှိနေတယ်ဆိုပြီး တီလာဆန် က ဒီဇင်ဘာ (၁၂)ရက်မှာ ပြောခဲ့ပါတယ်။
 
 
ဒါပေမဲ့ ဒီဇင်ဘာ(၁၂)ရက်မှာပဲ မြောက်ကိုရီးယားနိုင်ငံအနေနဲ့ နျူကလီးယား လက်နက်တွေ ဖျက်သိမ်းသွားမယ်ဆိုတာ ဦးဆုံးဝန်ခံရမယ်ဆိုတဲ့ အမေရိကန်နိုင်ငံရဲ့သဘောထားကိုပဲ အိမ်ဖြူတော်နဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနတို့ကထပ်လောင်းပြောခဲ့ပါတယ်။ ဒီဇင်ဘာ(၁၂)ရက်က မူဝါဒရေးရာဆွေးနွေးပွဲတစ်ခုမှာ မြောက်ကို ရီးယားနဲ့ သံတမန်ရေးရာဆွေးနွေးမှုတွေပြုလုပ်ဖို့ အမေရိကန်ဘက်ကဖြစ်နေပြီဆိုပြီး တီလာဆန်က ပြောခဲ့ ပါတယ်။
 
 
ဒါပေမဲ့ မြောက်ကိုရီးယားဘက်က နျူကလီးယားစမ်းသပ်မှုတွေနဲ့ ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုတွေမပြုလုပ်ဘူးဆိုတဲ့ အရိပ်အယောင် မပြမချင်း အမေရိကန်ဘက်က မြောက်ကိုရီးယားနဲ့ ဆွေးနွေးမှုတွေပြုလုပ်သွားမှာမဟုတ်ဘူးလို့ အိမ်ဖြူတော်အရာရှိတစ်ဦးက ပြောတယ်ဆိုပြီး ရိုက်တာသတင်းဌာနက သတင်းဖော်ပြပါတယ်။ မြောက်ကိုရီးယား နိုင်ငံအပေါ်ထားတဲ့ အမေရိကန်ရဲ့မူဝါဒက မပြောင်းလဲသေးဘူးလို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနပြောခွင့်ရှိသူ ဟီသာနော့တ်က တွစ်တာမှာရေးခဲ့ပါတယ်။ နိုင်ငံခြား ရေးဝန်ကြီးနဲ့ အိမ်ဖြူတော်တို့သဘော ထားကွဲလွဲမှုတွေဖြစ်နေတာဟာ အခုတစ်ကြိမ်နဲ့ဆိုရင်(၃)ကြိမ်ရှိ ပြီဖြစ်ပါတယ်။
 
 

19 Dec 2017     1,474 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS