BEC-TERO TV

ကိုးတန်းကျောင်းသူကို အကြိမ်ကြိမ်အဓ္ဓမပြုကျင့်သူအား အလုပ်နှင့်ထောင်ဒဏ် ၂၃ နှစ်ချမှတ်

20 Dec 2017     2,864 Views


လူမှုကွန်ယက်အွန်လိုင်းပေါ်တွင် သိကျွမ်းခင်မင်ခဲ့သည့် ကိုးတန်းကျောင်းသူကို တည်းခိုခန်းသို့ခေါ်ကာ အကြိမ်ကြိမ်သားမယားပြုကျင့်ခဲ့သည့် အသက်(၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို အလုပ်နှင့်ထောင်ဒဏ် (၂၃)နှစ် ချမှတ်ခဲ့ကြောင်း သိရှိရသည်။

၂၀၁၆ ခုနှစ် စက်တင်ဘာလတွင်းက မြောက်ဒဂုံမြို့နယ် (၃၉) ရပ်ကွက်တွင် နေထိုင်သော သန်းကိုကိုမောင် (၂၈) နှစ် က အွန်လိုင်းပေါ်တွင် သိကျွမ်းခဲ့သည့် ကမာရွတ်မြို့နယ် (၃)ရပ်ကွက်နေ ကိုးတန်းကျောင်းသူ အသက် (၁၅)နှစ် (၇)လ မိန်းကလေးကို အပြင်တွင် လျှောက်လည်ရန် ပြောဆိုပြီး တွေ့ဆုံရန် ချိန်းဆိုခဲ့သည်။ ထို့နောက် လှည်းတန်းစင်တာရှေ့တွင် တွေ့ဆုံခဲ့ပြီးနောက် သန်းကိုကိုမောင်က လိမ္မော်ရည်တိုက်ခဲ့ရာ မိန်းကလေးမှာ အသိစိတ်ကင်းမဲ့သွားခဲ့သည်။


ထိုအချိန်တွင် သန်းကိုကိုမောင်က မြောက်ဒဂုံမြို့နယ်ရှိ တည်းခိုခန်းသို့ ခေါ်ဆောင်သွားပြီး သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့ခြင်းဖြစ်သည်။

စုံစမ်းစစ်ဆေးမှုများအရ ကျူးလွန်ကြောင်းပေါ်ပေါက်ခဲ့သဖြင့် သန်းကိုကိုမောင်အား ပုဒ်မ-၃၆၃ (လူခိုးမှု) အရ အလုပ်နှင့်ထောင်ဒဏ် (၃)နှစ်၊ ပုဒ်မ-၃၇၆ (မုဒိမ်းမှု) အရ အလုပ်နှင့်ထောင်ဒဏ် (၂၀)နှစ် သီးခြားစီကျခံစေရန် တွဲဖက်ခရိုင်တရားသူကြီး(၄)က အမိန့်ချမှတ်ခဲ့ကြောင်း ဒီမိုကရေစီတူဒေးတွင် ဖော်ပြပါရှိသည်။
 


20 Dec 2017     2,864 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS