BEC-TERO TV

ကင်ဆာရောဂါသည်တွေ ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်မလဲ

20 Dec 2017     1,557 Views


ကင်ဆာရောဂါလက္ခဏာ ခံစားနေရတဲ့သူတွေဟာ သာမန်လူတွေထက် အသက်မြန်မြန်ပိုကြီးပြီး စောစောသေ ကြရတယ်လို့ ဆေးသုတေသန ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားတာကို တွေ့ရှိရပါတယ်။ ဆေးသိပ္ပံလေ့လာမှုတစ်ခုအရ ကင်ဆာရောဂါခံစားနေရတဲ့ လူငယ်တွေဟာ သက်တမ်းပြည့်မနေရဘဲ ပျမ်းမျှ အသက် ၅၀ ပတ်ဝန်းကျင်မှာ သေဆုံးဖို့ ရာခိုင်နှုန်းများတယ်လို့ ဆိုပါတယ်။
 
ယေဘုယျအားဖြင့် ကင်ဆာရောဂါဝေဒနာရှင်တွေဟာ နှလုံးရောဂါ၊ အဆုတ်နဲ့ ကိုယ်ခံအားကျဆင်းစေတဲ့ ရောဂါများ ကြုံတွေ့ရပြီး နာတာရှည် အဖျားရောဂါကို စတင်ခံစားလာရစေပါတယ်။
 
သုတေသနပြုလုပ်သူတွေကတော့ ကင်ဆာရောဂါဝေဒနာရှင်တွေဟာ ဓာတုကုထုံး နဲ့ ဓာတ်ရောင်ခြည်ကုထုံးတွေနဲ့ ကုသမှုခံယူရတာကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ ရောဂါတိုက်ထုတ်နိုင်စွမ်းနဲ့ ပြန်လည်ပြုပြင်နိုင်စွမ်းကို ထိခိုက်ပြီး သူတို့ဟာ ရှိရင်းစွအြသက်ထက် အသက်ပိုကြီးရင့်ပုံ ဖြစ်စေခဲ့ပါတယ်။
 

ကင်ဆာရောဂါကု ဆရာဝန်ဖြစ်တဲ့ Dr Shahrukh Hashmi ကတော့  ဗြိတိန်မှာရှိတဲ့ ကင်ဆာရောဂါ ဝေဒနာခံစားနေရသူတွေရဲ့ ၅၂ ရာခိုင်နှုန်းဟာ ဝေဒနာခံစားပြီး ငါးနှစ်သာ အသက်ဆက်ရှင်နိုင်ကြောင်း၊ ငယ်ရွယ်တဲ့ ကင်ဆာရောဂါဝေဒနာသည်တွေမှာဆိုရင် နောက်ထပ်ကင်ဆာရောဂါတစ်မျိုးပါ ထပ်ဖြစ်နိုင်ချေရှိ ကြောင်း ပြောခဲ့ပါတယ်။
 
ကင်ဆာရောဂါ သောက်ဆေးအချို့မှာလည်း အကြားအာရုံ ပျက်ဆီးခြင်း၊ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေတဲ့ ဂလင်းများလျော့ကျခြင်း၊ သွေးဖိအားတက်ခြင်း၊ နှလုံးသွေးကြောပိတ်ဆို့ကာ နှလုံးဖောက် ပြန်ခြင်း၊ ကြွက်သားများ လျော့ရဲ့ခြင်း၊ အဆုတ်နဲ့ အသည်းရောဂါများ၊ နာတာရှည် ဝမ်းချုပ်ခြင်းနဲ့ သားသမီးမရနိုင်တော့ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
 
ဓါတ်ကုခြင်းကြောင့်လည်း နာတာရှည်အရူးရောဂါ၊ မှတ်ဉာဏ်ပျောက်ဆုံးခြင်း၊ သွေးကြောများတင်းမာလာခြင်း၊ အရိုးဆဲလ်များ ကျဉ်းလာခြင်းနဲ့ သွေးကင်ဆာ စတဲ့ ဆိုးကျိုးတွေကိုဖြစ်စေနိုင်ပါတယ်။

ကင်ဆာရောဂါသုတေသနပညာရှင်တွေဟာ အသက်ကြီးပြင်းမှုမြန်နှုန်းကို ထိန်းချုပ်ဖို့အတွက် လေ့လာမှုများစွာ ကိုပြုလုပ်ခဲ့ပါတယ်။ ရှေ့ဆက်ပြုလုပ်မဲ့ လေ့လာမှုတွေမှာ ဒီရောဂါကို ထိန်းချုပ်နိုင်မဲ့ ကျန်းမာရေးဌါနနဲ့ ဥပဒေတွေကိုပါ လေ့လာသွားမယ်လို့ ပြောခဲ့ပါတယ်။ သူတို့ရဲ့ အဓိက ရည်မှန်းချက်ကတော့ ကင်ဆာဝေဒနာရှင် တွေရဲ့ နေထိုင်မှုပုံစံနဲ့ ဆိုးကျိုးများတဲ့ ကုသမှုပုံစံတွေကို ပြောင်းလဲနိုင်ဖို့ဖြစ်တယ်လို့ ထပ်မံပြောဆိုခဲ့ပါတယ်။

(ပိုပိုလေး)

 


20 Dec 2017     1,557 Views




RELATED

Most Popular of Special or Others

Most Popular of Life Style