BEC-TERO TV

အသေးစားလက်ကိုင်ဖုန်းများကို ရောင်းချခွင့်ပိတ်ပင်ရန် ဗြိတိန်ဝန်ကြီးတိုက်တွန်း

20 Dec 2017     1,279 Views


ဗြိတိန်နိုင်ငံ တရားရေးဝန်ကြီးဌာနမှ အတွင်းရေးမှူးတစ်ယောက်က ဈေးကွက်မှာရောင်းချနေတဲ့ လက်ညှိုး တစ်ချောင်းအရွယ်သာရှိတဲ့ သေးငယ်တဲ့ မီနီမိုဘိုင်းလ် ဖုန်းအမျိုးအစားတစ်ခုကို ရောင်းချခွင့် ပိတ်ပင်ခဲ့ပါ တယ်။ ထပ်ပြီးတော့လည်း အွန်လိုင်းမှာ လက်လီလက်ကားရောင်းချနေသူကိုလည်း မရောင်းချဖို့ တိုက်တွန်း ခဲ့ပါတယ်။

David Lidingthon က ဒီဖုန်းဟာ ထောင်တွေကို ခိုးသွင်းဖို့ ပြုလုပ်ထားတဲ့ ဖုန်းအမျိုးအစားဖြစ်ပြီး အင်္ဂလန်နဲ့ ဝေးလ် တို့မှာရှိတဲ့ ခန္ဓာကိုယ်စစ်ဆေးတဲ့ ကိရိယာတွေနဲ့ စစ်တာတောင် မသိနိုင်ကြောင်း ပြောခဲ့ပါတယ်။ Beat the boss လို့နာမည်ပေးထားတဲ့ ဒီဖုန်းအမျိုးအစားဟာ တစ်လုံးကို ၂၅ ပေါင်သာတန်ဖိုးရှိပြီး ထောင်ထဲ ရောက်သွားတဲ့အခါမှာတော့ ပေါင် ၅၀၀ လောက်ဖြစ်သွားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကလည်း ထောင်တွေထဲမှာ တရားမ၀င်ဖုန်းနဲ့ ဆင်းကဒ်ပေါင်း ၂ သိန်းခန့်ရှာဖွေတွေ့ရှိခဲ့ပြီး တွေ့ခဲ့တဲ့ဖုန်းရဲ့ သုံးပုံတစ်ပုံဟာလည်း ဒီဖုန်းအမျိုးအစားများသာဖြစ်တယ်လို့ တရားရေးဝန်ကြီးချုပ်က ဆိုခဲ့ပါတယ်။ အချို့ဖုန်းတွေဆိုရင် နှုတ်ခမ်းဆိုးဆေးတောင့် အရွယ်သာရှိပြီး အွန်လိုင်းမှာ အလွယ်တကူ ၀ယ်လို့ရနေကြောင်း၊ သတ္တုနဲ့ လုပ်ထားတာ မဟုတ်တဲ့အတွက် သာမန်စစ်ဆေးရေးစက်များနဲ့ ရှာရင် မတွေ့နိုင်ကြောင်း ပြောခဲ့ပါတယ်။

တရားရေးဝန်ကြီးချုပ်က ထောင်ထဲမှာ တားဆီးပိတ်ပင်ထားတဲ့ မီနီမိုဘိုင်းလ်ဖုန်းတွေဟာ သံတိုင်နောက်ကွယ်ကနေ မတရားမှုကို ကျူးလွန်ဖို့ လမ်းစချပေးသလိုဖြစ်နေကြောင်း၊ ဒီလိုပစ္စည်းတွေကို စစ်ဆေးနိုင်ဖို့အတွက် စတာလင်ပေါင် (၂)သန်းခန့် အကုန်အကျခံပြီး စစ်ဆေးရေးပစ္စည်းများကို အဆင့်မြင့်ထားကြောင်း၊ ပြင်ပဆက်သွယ်ရေးစနစ်အားလုံးကိုလည်း ပိတ်ပစ်ဖို့လုပ်ထားကြောင်း ပြောကြားခဲ့ပါတယ်။


20 Dec 2017     1,279 Views




RELATED

Most Popular of International News

Most Popular of NEWS