BEC-TERO TV

ထိုင်းနိုင်ငံတောင်ပိုင်းတွင် လုံခြုံရေးတိုးမြှင့်မည်

20 Dec 2017     1,538 Views


ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဘတ်စ်ကားတစ်စင်းမီးရှို့ခံရမှုဖြစ်ပွားခဲ့ပြီးတဲ့နောက် လုံခြုံရေး တိုးမြှင့်သွားတော့မယ်လို့ ထိုင်းအာဏာပိုင်တွေကပြောပါတယ်။ ထိုင်းနိုင်ငံတောင် ဘက်ပိုင်း ယာလာခရိုင်ထဲက ဘန်နန် ဆာတာမြို့နယ်ထဲမှာ ခရိုင်းချင်းပြေးဆွဲတဲ့ ခရီးသည်တင် ဘတ်စ်ကား တစ်စင်းပြန်ပေးဆွဲခံရပြီး မီးရှို့ခံရမှုဖြစ်ပွားခဲ့ပြီးနောက်မှာ အာဏာပိုင်တွေက အခုလို သတင်းထုတ် ပြန်တာပါ။ စစ်သွေးကြွ ၁၀ ဦးနီးပါးဟာ ဆိုင်ယမ် ပို့ဆောင်ရေးကုမ်္ပဏီရဲ့ ဘီတွန်-ဘန်ကောက်ကို ပြေးဆွဲတဲ့ဘတ်စ်ကားကို ဒီဇင်ဘာလ ၁၇ ရက်ညနေပိုင်းမှာ ပြန်ပေးဆွဲခဲ့တာပါ။
 
 
စစ်သွေးကြွတွေဟာ ခရီးသည်တွေကို အောက်ဆင်းခိုင်းပြီး ဘတ်စ်ကားကို မီးရှို့ခဲ့တာပါ။ နောက်ဆုံးရရှိတဲ့ သတင်းတွေအရ ယာလာခရိုင်ရဲတပ်ဖွဲ့မှူးက အခုဖြစ်ရပ်ကျူးလွန်သူတွေကို စုံစမ်းဖို့ ဒေသမှာ တပ်စွဲတဲ့စစ်သားတွေ၊ အုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့ပူးပေါင်းဖို့ စုံထောက်တွေကို အမိန့်ပေးထားပါတယ်။ ဒေသခံစစ်သွေးကြွတွေဟာ သူတို့အဖွဲ့ ဘယ်အဖွဲ့ဖြစ်ကြောင်းကို အာဏာပိုင်တွေဘက်က အာရုံစိုက်လာအောင် လုပ်နေတယ်လို့ ထိုင်းအာဏာပိုင် တွေက ယူဆထားပါတယ်။ ထိုင်းဒုတိယ၀န်ကြီးချုပ်ဖြစ်သလို ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ပရာဝတ် ၀မ်ဆူဝမ်ကတော့ ဘတ်စ်ကားကို မီးရှို့တဲ့ဖြစ်ရပ်ဟာ မဖြစ်ပွားတာကြာပြီဖြစ်လို့ မမျှော်လင့်ထားတဲ့ ဖြစ်ရပ် ဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့ကြောင် ထိုင်းနိုင်ငံတောင်ဘက်စွန်းပိုင်းမှာ လုံခြုံရေး အစီအမံတွေ တိုးမြှင့်ပြုလုပ်သွားဖို့ တပ်မ ၄ တပ်မှူးကို အမိန့်ပေးထားပြီဖြစ်တယ်လို့ လည်း သိရပါတယ်။
 
 
 

20 Dec 2017     1,538 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS