BEC-TERO TV

အသက်ရှင်ခွင့်ကို မျှော်လင့်နေတဲ့ ၁၇ နှစ်သမီးကိုယ်ဝန်သည်

20 Dec 2017     1,248 Views


ဦးနှောက် အကျိတ်ရောင် ရောဂါကြောင့် (၃)လကနေ (၉)လ အတွင်းသာ အသက်ရှင်ခွင့်ရှိတော့တဲ့ အသက် ၁၇ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးငယ်လေး တစ်ယောက်ဟာ သူမနဲ့ သူမရဲ့  သမီး လေး အသက်ရှင် နိုင်ဖို့အတွက် အကောင်းဆုံး အားတင်းထားပါတယ်။

Dana Scatton က သူမရဲ့သမီးလေးကို ဖေဖော်ဝါရီလတွင် မွေးဖွားပေးသွားမည်ဖြစ်ပြီး ထိုအခြေအနေကို DIPG ဟုခေါ်ကြောင်းလည်းသိရသည်။ ဆရာဝန်တွေကတော့ ဗိုက်ထဲမှ ကလေးကို ၃ လအတွင်း အောင်မြင်အောင် မွေးဖွားနိုင်ရန် ကြိုးစားနေကြပြီး ကလေးမွေးဖွား ပြီးမှသာ  ဓာတ်ရောင်ခြည်ကုထုံးကို အသုံးပြုသွား မည်ဖြစ်သည်။

ထိုအခါမှ အောင်မြင်လျှင် မိခင်ဖြစ်သူသည်  (၉)လအထိ အသက်ရှင် နေထိုင်နိုင်ပြီး ကလေးငယ်လည်း အောင်မြင်စွာ မွေးဖွားနိုင်မည် ဖြစ်သည်။ အကယ်၍ ထိုနည်းလမ်းကို အသုံးမပြုလျှင် မိခင်ဖြစ်သူသည် (၂)လမှ (၃)လအတွင်းသာ အသက်ရှင် နိုင်မည်ဖြစ်သည်။

DIPG အခြေအနေကို တစ်နှစ်လျှင် ကလေးငယ်ပေါင်း ၃၀၀ ခန့်ကြုံတွေ့ရတတ်ပြီး အသက်၁၀ နှစ် အောက် ကလေးများသာ အဖြစ်များသဖြင့် Dana ၏အခြေအနေသည် အလွန်ရှားပါးသော အခြေအနေဖြစ် သည်။ ဦးနှောက် အကျိတ်ရောင်ရောဂါသည် တစ် ရာခိုင်နှုန်းအောက်သာ အသက်ရှင်နိုင်ပြီး ၉၉ ရာခိုင်နှုန်းမှာမူ အသက်မရှင်နိုင်ဟု သိရသည်။

Dana က ဆရာဝန်များနှင့်တိုင်ပင်ပြီး အကောင်းဆုံးကုသမှုကို ခံယူကာ သမီးငယ်လေးနှင့် အတူ အသက်ရှင်နိုင်အောင် ကြိုစားမည် ဟုပြောကြားခဲ့သည်။ အကယ်၍ ကုသမှုသာ အောင်မြင်မည် ဆိုပါက ဒါဟာ သူမနဲ့ သူမရဲ့သမီး လေးအတွက် အကောင်းဆုံး ခရစ်စမတ် လက်ဆောင်သာ ဖြစ်သည် ဟုပြောခဲ့သည်။

Dana သည် မောင်နှမ (၉)ယောက်ထဲတွင် အငယ်ဆုံးဖြစ်သည်။ Dana ၏ အစ်ကို ဖြစ်သူ JJ က Facebook တွင် Dana အကြောင်း ဖော်ပြခဲ့ ပြီး GoFundMe အမည်ဖြင့် Dana ၏ဆေးဝါး ကုသခ အတွက် အလှူငွေ များရရှိရန် ကြိုးပမ်းပေးခဲ့ရာ ကမ္ဘာအနှံ့ ယူကရိန်း နှင့် ဂျာမနီ မှ Dana အတွက်ဆုမွန်ကောင်းများ တောင်းပေးခဲ့ ကြသည်။ Dana နှင့် သူ၏ချစ်သူ အသက် ၂၁ နှစ် အရွယ် Tyler တို့၏ ချစ်သမီးလေး ကို Aries ဟုအမည် ပေးထားနှင့်ပြီးဖြစ်သည်။


20 Dec 2017     1,248 Views




RELATED

Most Popular of Special or Others

Most Popular of NEWS