BEC-TERO TV

ဝမ်းဘတ်တံတောင် မိသွားတဲ့ မွေထိုင်းလက်ဝှေ့သမား နဖူးရိုးခွက်ဝင်

20 Dec 2017     1,673 Views


တစ်ယောက်နဲ့ တစ်ယောက် ထိုးနှက်တိုက်ခိုက်ရတဲ့ ကစားနည်းဟာ အန္တရာယ်များလှတာ မှန်ပေမယ့် အားကစားနည်းတစ်ရပ်အဖြစ် တရားဝင်သတ်မှတ်ပြီး ကမ္ဘာတစ်ဝှမ်းမှာ ပြိုင်ပွဲတွေအနေနဲ့ ယှဉ်ပြိုင်နေကြတာ အားလုံးအသိဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ဖူခက်မှာရှိတဲ့ အားကစားရုံတစ်ခုမှာ မွေထိုင်းထိုးသတ်ယှဉ်ပြိုင် ကစားစဉ် ပြင်သစ်လူမျိုး မွေထိုင်းကစားသမား Jeremy ဆိုသူဟာ တစ်ချီမှာတော့ ပြိုင်ဘက်ရဲ့ ပြင်းထန်တဲ့ တံတောင်မိသွားပြီး သူ့ရဲ့ နဖူးအလ်ာတည့်တည့်မှာ အရိုွးက်ဝင်သွားခဲ့ပါတယ်။


ထူးဆန်းတာက အဲ့ဒီအချိန်မှာ သူ့အနေနဲ့ နာကျင်ခံစားရတာ၊ မူးမိုက်သွားတာမျိုး မရှိပဲ ပွဲကို ဆက်လက်ယှဉ်ပြိုင်မယ်လို့ ပြော​ပေမယ့် ဒိုင်အဖွဲ့က ပွဲကို ရပ်နားခဲ့ပါတယ်။ အဆိုပါပုံကို ကျားမွေထိုင်းကလပ်က သူ့ကိုလေ့ကျင့်ပေးတဲ့ ထရိန်နာဖြစ်သူ Johnny Betts က လူမှုကွန်ယက်မှာ တင်ခဲ့ပြီး နောက်ပိုင်း သူ့ကို ခွဲစိတ်မှုပြုလုပ်ပြီး နေပြန်ကောင်းလာတဲ့ထိ ပုံတွေကို ပရိသတ်နဲ့ မပြတ်ထိတွေ့အောင် တင်ပေးခဲ့ပါတယ်။


အခုဆိုရင် Jeremy ဟာ ခွဲစိတ်မှုခံယူခဲ့ပြီး ဆေးရုံက ပြန်ဆင်းလာပြီဖြစ်ပါတယ်၊ သူ့ရဲ့ နဖူးရိုး ခွက်သွားတဲ့နေရာကို တိုက်တေနီယမ် အစားထိုးကာ နဂိုအတိုင်းဖြစ်အောင် ပြန်ပြင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဦးနှောက်ပိုင်းဆိုင်ရာ ထိခိုက်မှုမရှိကြောင်း သိရပြီး လအနည်းငယ်အတွင်းမှာ ကြိုဝိုင်းထဲ တစ်ဖန်ပြန်လည် ဝင်ရောက်နိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။
 


20 Dec 2017     1,673 Views




RELATED

Most Popular of Boxing

Most Popular of NEWS