BEC-TERO TV

ထိုင်းတွင် SMS ကဏ္ဍတိုးမြှင့်ရေးရည်ရွယ်တဲ့ လုပ်ငန်းလျှောက်လွှာတင်ရက်တိုးမြှင့်ပေး

21 Dec 2017     1,421 Views


ထိုင်းရင်းနှီးမြှုပ်နှံမှုဘုတ် အဖွဲ့က နိုင်ငံတွင်းအသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်း(SMS) တွေတိုးတက်လာစေဖို့ရည်ရွယ်ပြီးဘုတ်အဖွဲ့ထံ SMS လုပ်ငန်းလျှောက်လွှာတင်နိုင်မယ့်ရက်ကို (၂၀၁၉)နှစ်ကုန်အထိ တိုးမြှင့်ပေးလိုက်ပါတယ်။ အသေးစားနဲ့အလတ်စားစီးပွားရေး လုပ်ငန်းတွေရဲ့ အလုပ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ထိုင်း ၀န်ကြီးချုပ် ပရာရွတ်ချန်အိုချာ ဦးဆောင်တဲ့ ထိုင်ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ကပြောပါတယ်။ အခုနှစ်ကုန်မှာ လျှောက်လွှာနောက်ဆုံး တင်ရမှာဖြစ်တယ်ဆိုပြီး ဘုတ်အဖွဲ့ကအစောပိုင်းမှာပြောထားပါတယ်။
 
 
ရက်တိုးပေးတဲ့အပြင် အထူးအခွင့်အရေးတွေခံစားခွင့်ရဖို့ သတ်မှတ်ချက်ပြည့်မီတဲ့ စီးပွားရေးလုပ်ငန်း အမျိုးအစားကို (၄၀)ကနေ(၁၀၀)လောက်အထိ ဘုတ်အဖွဲ့ကတိုးမြှင့်ပေးခဲ့ပါတယ်။ SMS လုပ်ငန်းတွေ လုပ်ကိုင်နိုင်ခွင့်ရှိစေရေး ကန့်သတ်ချက်တွေ ဖြေလျော့ပေးခဲ့ပြီး လုပ်ငန်းအမြတ်ငွေ အခွန်ကောက်ခံမှုကိုလည်း နှစ်ဆလျော့ချပေးတာမျိုးတွေ သတ်မှတ်ပြီး ဘုတ်အဖွဲ့က SMS လုပ်ငန်းတွေကို မက်လုံးပေးခဲ့ ပါတယ်။ အထူးအခွင့်အရေးခံစား ရမယ့် လုပ်ငန်းတွေထဲမှာ SMS လုပ်ငန်းတွေအပြင် လယ်ယာကဏ္ဍ၊ ဇီဝနည်းပညာတွေ၊ စွမ်းရည်မြင့်ဘက်ထရီတွေ၊ အဆင့်မြင့် ကားတွေ၊ လေကြောင်းပို့ ဆောင်ရေး လုပ်ငန်းတွေနဲ့ အာကာသ ဆိုင်ရာလုပ်ငန်းတွေဖြစ်တယ်လို့ သိရပါတယ်။
 
 
 

21 Dec 2017     1,421 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS