BEC-TERO TV

ဒူးရင်းဩဇာကနေ ရရှိနိုင်မယ့် ကျန်းမာရေး အကျိုးကျေးဇူးများ

21 Dec 2017     2,208 Views


ဒူးရင်းဩဇာသီးမှာ ဗီတာမင် B1, B2 နဲ့ ဗီတာမင်စီတို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒူးရင်းဩဇာမှာ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေ ဖြစ်ကြတဲ့ ဇင့်၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရိတ်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ဒူးရင်းဩဇာက ကင်ဆာကို တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။ 
 
ကင်ဆာကျိတ်တွေကို လျော့ပါး သက်သာစေနိုင်တဲ့ in Acetogenins လည်း ပါဝင်နေပါတယ်။ ရင်သားကင်ဆာ၊ အသည်းကင်ဆာဆဲလ်တွေအပါအဝင် ကင်ဆာဆဲလ်တော်တော်များများကို တိုက် ဖျက်ပေးနိုင်စွမ်းလည်းရှိပါတယ်။ ဒူးရင်းဩဇာက ကင်ဆာဆဲလ်တွေကိုသာ တိုက်ဖျက်ပေးတာဖြစ် ပြီး ကျန်းမာတဲ့ဆဲလ်တွေကို မထိခိုက်စေနိုင်ပါဘူး။
 
 
(၂) ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေနိုင်ခြင်း
ကျန်းမာဖို့အတွက် အရေးပါတဲ့ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ အဖျား ရောဂါကူးစက်ခံရတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ကိုယ်ခံအားစနစ် အားနည်းသူတွေအတွက် သင့်တော်ပါ တယ်။
 
(၃) ဆီးချို
ဒူးရင်းဩဇာက သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ ဒူးရင်းဩဇာမှာပါတဲ့ phytochemicals က သွေးတွင်း သကြားဓာတ်ကို မြင့်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးသလို သွေးတွင်းအချိုဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။
 
ဒူရင်းဩဇာမှာ ဓာတ်တိုးဆန့် ကျင်ပစ္စည်းကြွယ်ဝစွာ ပါဝင်တာကြောင့် အသည်းကို ကျန်းမာစေနိုင်သလို ကျန်းမာရေးနဲ့ မညီညွတ်တဲ့အဆီတွေကိုလည်း လျော့ကျစေပါတယ်။
 
(၄) အစာကျေစေနိုင်ခြင်း
ဒူးရင်းဩဇာမှာ ရောဂါတွေကို ခုခံနိုင်စွမ်းနဲ့ ပိုးသေစေနိုင်တဲ့ အစွမ်းတွေ ရှိပါတယ်။ အစာချေစနစ်ကို ကျန်းမာအောင်လည်း အထောက်အကူပြုပါတယ်။ ဝမ်း ချုပ်တာ၊ ဝမ်းလျှောတာတွေအတွက် စားသုံးပေးလို့ရပါတယ်။ အူမကြီးလှုပ်ရှားမှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ သံကောင်တွေကိုလည်း ကျစေနိုင်ပါတယ်။
 
 
(၅) ဓာတ်တိုးဆန့်ကျင်  အာနိသင်ရှိခြင်း
ဒူးရင်းဩဇာမှာ ဓာတ်တိုးဆန့် ကျင်အာနိသင် ပါဝင်နေတာကြောင့် အသားအရေလျော့ရဲတာ၊ အရေးအကြောင်းဖြစ်တာနဲ့ အရွယ်မတိုင်ခင် အိုမင်းတာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
 
(၆) စွမ်းအင်တိုးစေနိုင်ခြင်း
ဒူးရင်းဩဇာက အာဟာရဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်စွမ်းအင်ကိုတိုးစေနိုင်သလို ပင်ပန်းနွမ်းနယ်တာကိုလည်း ပြေလျော့စေနိုင်ပါတယ်။
 
 
(၇) ဂေါက်
ဒူးရင်းဩဇာက ကိုယ်တွင်း ယူရစ်အက်ဆစ်ပမာဏကို ကျ ဆင်းစေနိုင်တာကြောင့် ဂေါက် ရောဂါမဖြစ်အောင်လည်း တားဆီးပေးနိုင်ပါတယ်။
 
(၈) နောက်ကျောနာခြင်း
ဒူရင်းဩဇာဖျော်ရည်သောက်သုံးပေးတာက နောက်ကျောနာ တာ၊ ခါးနာတာတေ∑ကို သက်သာ စေနိုင်သလို လေးဖက်နာဝေဒနာကိုလည်း လျော့ပါးသက်သာစေ နိုင်ပါတယ်။
 
Credit >>> kumudranews

21 Dec 2017     2,208 Views




RELATED

Most Popular of Health Fix

Most Popular of Life Style