တရုပ်တွင် မောင်းသူမဲ့တက္ကစီများ စတင်ပြေးဆွဲရန် အဆင်သင့်ဖြစ်နေ
22 Dec 2017 1,573 Views

တရုတ်နိုင်ငံ အရှေဘက် အန်းဟွေပြည်နယ်မှာရှိတဲ့ Baidu ကားကုမ္ပဏီမှ လူကိုယ်တိုင် ထိန်းကျောင်းရန်မလိုပဲ အလိုအလျောက် မောင်းနှင်သွားလာနိုင်မည့် တက္ကစီအစီး (၅၀)ကို စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ပါတယ်။
အဆိုပါယာဉ်များကို စမ်းသပ်မောင်းနှင်ကာလတွေမှာတော့ တက္ကစီတွေပေါ်မှာ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် လုံခြုံရေးဝန်ထမ်းတွေကို ကားမောင်းသူအဖြစ် ယာယီခန့်အပ်ထားပါတယ်။ နောက်ပိုင်းမှာ အစိုးရက မောင်းသူမဲ့ယာဉ်တွေနဲ့ ပက်သက်တဲ့ ဥပဒေစည်းမျဉ်းတွေ ပြုပြင်ပြောင်းလဲပြီးရင်တော့ ဒီလူတွေကို ဖယ်ရှားသွားဖို့ ရှိတယ်လို့ JingChi အဖွဲ့အစည်းရဲ့ ဒုတိယအကြီးအကဲဖြစ်တဲ့ Mr Wang က ရှင်းပြခဲ့ပါတယ်။
ပြောင်းလဲမှုတွေဖြစ်လာခဲ့ရင် တရုတ်နိုင်ငံဟာ မောင်းသူမဲ့ အလိုအလျောက်မောင်းနှင်နိုင်တဲ့ ကားတွေ စီးပွားဖြစ်ထုတ်လုပ်တဲ့ အမြင့်ဆုံးနေရာကို နှစ်နှစ်အတွင်း ရောက်သွားမယ်လို့ ဆိုပါတယ်။ JingChi အဖွဲ့အစည်းဟာ တဖြည်းဖြည်းတိုးပွားလာနေတဲ့ တရုတ်ကား ကုမ္ပဏီများနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး တရုတ်ဈေးကွက်မှာ စတင်ရောင်းချသွားမှာပါ။
ဆန်းစစ်လေ့လာသူ အချို့ကတော့ လုံခြုံရေးအရကြည့်မယ်ဆိုရင် ဒီလိုယာဉ်တွေကို လက်တွေ့မှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ဖို့ အများကြီး ကြိုးစားရဦးမယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။
JingChi အဖွဲ့အစည်းဟာ အလိုအလျောက်မောင်းနှင်ဖို့အတွက် လိုအပ်တဲ့ စမ်းသပ်မှုပေါင်းများစွာကို ဖြတ်ကျော်နိုင်ခဲ့ပြီး ငါးပတ်အတွင်းမှာပဲ California လူသွားလမ်းတွေမှာ စမ်းသပ်မောင်းနှင်ဖို့ ခွင့်ပြုချက် ရရှိခဲ့ပါတယ်။ JingChi အဖွဲ့အစည်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ထောက်ပံငွေ စုစုပေါင်း ကန်ဒေါ်လာ ၅၂ သန်း ( ပေါင် ၃၈.၆ သန်း ) ခန့်ရရှိခဲ့ပါတယ်။






