BEC-TERO TV

iPhone မော်ဒယ်အဟောင်းများကို ရည်ရွယ်ချက်ရှိရှိ နှေးကွေးအောင် လုပ်ခဲ့တဲ့အတွက် Apple တရားစွဲခံရ

22 Dec 2017     1,277 Views


iPhone 6s အပါအဝင် iPhone မော်ဒယ်အနိမ့်များတွင် Apple က အသစ်ထပ်မံထုတ်ပေးခဲ့သည့် iOS ကို အဆင့်မြှင့်တင်သွင်းယူပြီးနောက် ဖုန်းများ၏ လုပ်ဆောင်မှုများ သိသိသာသာနှေးကွေစေရုံသာမက ဘတ်ထရီစာနှုန်းကလည်း မကြုံဖူးလောက်အောင် မြန်ပြီး ရုတ်တရက် ဖုန်းပိတ်သွားသည့်ပြဿနာ အိုင်ဖုန်းသုံးစွဲသူအများကြား ကြုံတွေ့နေကြရသည်။

အဆိုပါ ပြဿနာကို အွန်လိုင်းပေါ်တွင် ပြောဆိုဝေဖန်မှုများ ပြုလုပ်ခဲ့ရာ Apple က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲခဲ့ပြီးနောက် Apple ကလည်း ထုတ်ပြန်သော ကြေညာချက်တွင် ဟုတ်မှန်ကြောင်းပြောဆိုခဲ့သဖြင့် လောစ့်အိန်းဂျလိစ်တွင် နေထိုင်သူများဖြစ်ကြသည့် Stefan Bogdanovich နှင့် Dakota Speas တို့၏ကိုယ်စား Wilshire ဥပဒေအဖွဲ့က ကယ်လီဖိုးနီးယား ဗဟိုတရားရုံးတွင် Apple ကို တရားစွဲဆိုခဲ့သည်။

ဥပဒေအဖွဲ့၏ အဆိုအရ တရားလိုနှစ်ဦးစလုံးတွင် iPhone 7 အပြင် အခြားမော်ဒယ်နိမ့် iPhone များပိုင်ဆိုင်ထားပြီး iPhone မော်ဒယ်အသစ် ထပ်ထုတ်ခဲ့သည့်အချိန်ကစကာ iPhone မော်ဒယ်အဟောင်းများ သိသိသာသာနှေးကွေးသွားပြီး ဘတ်ထရီစာနှုန်း အလွန်မြန်ကာ ရုတ်တရက်ပိတ်သွားသည့် ပြဿနာများ ကြုံရကြောင်း တင်ပြခဲ့ကြသည်။

Apple က ထင်မြင်ချက်ပေးသူများအား ရည်ညွှန်းသည့် ကြေညာစာတွင် iPhone အဟောင်းများနဲ့ အရည်အသွေးမြှင့်ထားခြင်း မရှိသေးတဲ့ ဘတ်ထရီများနဲ့ အသုံးပြုနေတာဟာ ဖုန်းရဲ့စွမ်းရည်ကို လည်ပင်းညှစ်နေတာသာဖြစ်ပြီး ဖုန်းနဲ့ ဘတ်ထရီသက်တမ်းကို မထိခိုက်စေတဲ့ စနစ်တစ်ခုကို အစားထိုးခဲ့တာဖြစ်ကြောင်း မတည်ပြုပြောကြားခဲ့ပါတယ်။ အဆိုပါစနစ်ကြောင့် ဖုန်းရဲ့ပါဝါကို ရုတ်တရက် ပိတ်ပစ်တာ၊ ဘတ်ထရီစားမြန်တာတွေ iPhone မော်ဒယ်နိမ့်တွေမှာ ကြုံတွေ့နေရတာဖြစ်ပါတယ်။

Apple အနေနဲ့ ဘတ်ထရီလဲလှယ်ပေးတဲ့ ဝန်ဆောင်မှုကို အာမခံသက်တမ်းကျန်ရှိနေသူများ အတွက် အခမဲ့ လဲလှယ်ပေးပြီး သက်တမ်းလွန်များအတွက် အမေရိကန်ဒေါ်လာ ၇၉ နှင့် တင်ပို့စရိတ် ၆.၉၅ ဒေါ်လာထပ်ပေါင်းပေးရမှာဖြစ်ပါတယ်။

တရားစွဲထားတဲ့ ဥပဒေအဖွဲ့ကတော့ iPhone အဟောင်းတွေအတွက် တရားလိုများ နစ်နာခဲ့ရတဲ့ အသုံးပြုခွင့် ဆုံးရှုံးတာတွေ၊ တန်ဖိုးကျဆင်းသွားတာတွေ၊ ဘတ်ထရီအသစ်ဝယ်ရတာတွေ၊ မလိုအပ်ပဲ ကုန်ကျခဲ့တာတွေအားလုံးအတွက် အလျှော်ပေးရန် တောင်ဆိုထားပါတယ်။

လူအတော်များများက Apple ရဲ့ လုပ်ရပ်ဟာ တော်တော်စိတ်ပျက်စရာကောင်းတယ်လို့ ပြောဆိုကြပြီး လတ်တလောမှာလဲ ဘတ်ထရီအစားထိုးလဲလှယ်ဖို့ ဆိုင်တွေမှာ ပစ္စည်းအလုံလောက်မရှိကြောင်း ပြောဆိုဝေဖန်နေကြပါတယ်။
 


22 Dec 2017     1,277 Views




RELATED

Most Popular of Special or Others

Most Popular of NEWS