BEC-TERO TV

ဖုန်းဘေးနားထားပြီး ညအိပ်တတ်သူများနဲ့ ကျန်းမာရေးအန္တရာယ်

22 Dec 2017     2,439 Views


မျက်မှောက်ကာလဟာ သတင်းနဲ့နည်းပညာခေတ်ကြီး ဖြစ်နေတာနဲ့အမျှ လူတိုင်းကိုယ်စီမှာ စမတ်ဖုန်းတစ်လုံးတော့ ရှိနေတတ်ပါတယ်။ ထို့အတူစွာပင် ဖုန်းဟာလည်း ကိုယ်နဲ့မကွာ အမြဲရှိနေတတ်ပါတယ်။
 
ဒါကြောင့်မို့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်သူ့ကျန်းမာရေးဌါနက ဖုန်းကနေတစ်ဆင့် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အန္တရာယ်တွေကို လျော့ချကာကွယ်နိုင်ရန် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
 
အများစုဟာ ညအိပ်ယာဝင်ချိန်မှာတောင် မက်ဆေ့တွေ၊ အီးမေးလ်တွေနဲ့ သတင်းအကြောင်းရာ အသစ်တွေ မလွတ်ချင်တာကြောင့် ဖုန်းကို အိပ်ယာထဲထိ တူတူယူသွားတတ်ပါတယ်။ အဲဒီလို ဖုန်းနဲ့အတူ အိပ်ယာဝင်တတ်သူတွေဟာ ဖုန်းကို အနည်းဆုံး ကိုယ့်ရဲ့ လက်တစ်ကမ်းအကွာအဝေးလောက်မှာ ထားသင့်ကြောင်း၊ ခေါင်းအုံးအောက်နဲ့ ဦးခေါင်း အနီးနားမှာ ထားမအိပ်သင့်ကြောင်း ကယ်လီဖိုးနီးယား ပြည်သူ့ကျန်းမာရေးဌါနက ဒေါက်တာ ကယ်ရန်စမစ်က သတိပေးခဲ့ပါတယ်။
 
ဒါ့အပြင် ဖုန်းကို မိမိရဲ့ အိပ်ကပ်ထဲထည့်ပြီး သယ်မသွားသင့်ပဲ ပိုက်ဆံအိတ်ထဲ ဒါမှမဟုတ် လက်ကိုင်အိတ်ထဲထည့်ပြီးသာ ယူဆောင်သင့်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဘရိန်ကျူမာ ဖြစ်နိုင်ခြေမြင့်ခြင်း၊ မျိုးပွားသုတ်ချို့တဲ့ခြင်း၊ ခေါင်းကိုက်ဝေဒနာ၊ မှတ်ဉာဏ်အားနည်းခြင်း၊ အကြားအာရုံ နဲ့ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာကြုံနေသူ အများစုဟာ မိုဘိုင်းဖုန်း အလွန်အကျွံသုံးခဲ့ဖူးတာနဲ့ ချိပ်ဆက်မှုရှိကြောင်း ပြောဆိုခဲ့သည်။

 


22 Dec 2017     2,439 Views




RELATED

Most Popular of Health Fix

Most Popular of Life Style