BEC-TERO TV

၂၀၁၇ ရဲ့ Annimation ရုပ်ရှင်ကား Ferdinand

26 Dec 2017     1,476 Views


ယခုအပတ်မှာလည်း CoCo ကာတွန်းကားလိုပဲ အထူးတလည်ကြည့်ရှုသင့်တဲ့ ကာတွန်းကားတစ်ကားကို မိတ် ဆက်ပေးချင်ပါတယ်။ ယနေ့ခေတ် Animation ရုပ်ရှင်တွေဟာ ကလေးများအတွက်သာမက လူကြီးတွေကိုပါ ရည်ရွယ်ပြီး ပြသလာတဲ့အတွက် အသိပညာသင်ခန်းစာပေးတဲ့ ကာတွန်းကားများစွာဟာ ရုပ်ရှင်ချစ်ပိရိသတ် ကြီးကြားမှာ ရှိခဲ့ကြပြီးဖြစ်ပါတယ်။ ယခုမိတ်ဆက်ပေးမဲ့ ဇာတ်ကားက Munro Leaf နဲ့ Robert Lawson တို့ရဲ့ The Story of Ferdinand စာအုပ်မှ ပြန်လည်အသက်သွင်းထားတဲ့ Ferdinand ကားလေးပါ။

ဒီဇာတ်ကားမှာတော့ စပိန်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ Casa Del Toro နွားရိုင်းခြံထဲမှ မွေးဖွားလာခဲ့တဲ့ နွားရိုင်းလေး Ferdinand အကြောင်းရေးထားပြီး မွေးလာကတည်းက နွားရိုင်းဗီဇမပါဘဲ သဘာဝတရားနဲ့ သစ်ပင်ပန်းပင်တွေ ကိုချစ်တတ်တဲ့ နွားရိုင်းတစ်ကောင်အဖြစ်ပုံဖော်ထားတာပါ။ Ferdinand ရဲ့ဖခင်ဟာ အင်အားကြီးမှုနဲ့ နှစ်စဉ်နိုင် သူမရှိမှုတွေကြောင့် နာမည်ကျော်ကြားပြီး တစ်နေ့မှာတော့ သူ့ရဲ့အဖေဟာ နွားရိုင်းပြိုင်ပွဲကနေ ပြန်မလာနိုင် တော့ပါဘူး။ ဖခင်ပြန်မလာတော့တဲ့နောက်မှာ Ferdinand ဟာခြံထဲကနေထွက်ပြေးခဲ့ပြီး Nina ဆိုတဲ့ကောင်မ လေးပိုင်တဲ့ စိုက်ပျိုး ရေးခြံတစ်ခုကို ရောက်သွားပြီး မွေးစားခြင်းခံခဲ့ရပါတယ်။ ဒီလိုနဲ့ နေထိုင်ခဲ့ရာမှ တစ်နေ့ မှာ တော့ Ferdinand တို့နေထိုင်ရာ မြို့ ရဲ့ ကျင်းပနေကျဖြစ်တဲ့ ပန်းပွဲတော်နေ့ကို ရောက်ရှိလာခဲ့ပြီး ပန်းချစ်သူပီပီ Ferdinand ကလည်း ပွဲတော်ကို သွားရောက်ချင်ခဲ့ပါတယ်။ ဒါပေမဲ့ Nina ရဲ့ဖခင်ဟာ Ferdinand ကိုအရင်လို နွားပေါက်လေးမဟုတ်တဲ့ အတွက် ခေါ်သွားလိုမရကြောင်း ပြောဆိုပြီး ချန်ထားခဲ့ပါတယ်။ ဘယ်လိုမှမနေနိုင် တော့တဲ့ Ferdinand ဟာပန်းပွဲတော် ကိုခိုးသွားဖို့ ဆုံးဖြတ်ခဲ့ပြီး လမ်းတစ်ဝက်မှာ ပျားတုတ်ခံခဲ့ရတဲ့အတွက် ထွက်ပြေးရာမှ လူတွေဟာ နွားရိုင်းတစ်ကောင်သောင်းကျန်းနေတယ်လို့ ထင်ပြီး Ferdinand ကို သူ့မွေး ရပ် မြေ ဖြစ်တဲ့ Casa Del Toro သို့ ပြန်ပို့ခံခဲ့ပါတယ်။ သူဟာ အခက်အခဲများစွာကြုံတွေ့ခဲ့ရပြီး သူ့သခင်ဖြစ်တဲ့ Nina ဆီကိုပြန်ဖို့ ကြိုးစားတာကို စိတ်လှုပ်ရှား ဖွယ်မြင်တွေ့ရမှာပါ။

ဒီကားကို ဒါရိုက်တာ Car-los Saladanha ကရိုက်ကူးပုံဖော်ထားပြီး Blue Sky Studio နဲ့ 20th Century Fox Animation တို့ကထုတ်ကူးထားတာပါ။ ဒီကားဟာ စပိန်နိုင်ငံ Madrid မြို့ရဲ့ Culture နဲ့ Background ကိုအခြေ ခံရေးဆွဲထားကြောင်းသိရပါတယ်။ လက်ရှိမှာတော့ Golden Globe Awards ဆုစာရင်းထဲပါဝင်နေပြီး ၂၀၁၇ ခု နှစ် နှစ်ကုန်ပိုင်းမှာ ကြည့်ရှုသင့်တဲ့ ပညာပေးဟာသဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။   

Credit : oasis 


26 Dec 2017     1,476 Views




RELATED

Most Popular of Special or Others

Most Popular of Entertainment