ဒါဗောင်းမြို့ဈေးဝယ်စင်တာမီးလောင်မှု စုံစမ်းစစ်ဆေးမှုစတင်
27 Dec 2017 1,434 Views

ဖီလစ်ပိုင်သမ္မတ ဒူတာတေး ရဲ့ ဇာတိဖြစ်တဲ့ ဒါဗောင်းမြို့မှာ ဈေးဝယ်စင်တာတစ်ခု ဒီဇင်ဘာလ ၂၄ ရက်မှာ မီးလောင်ခဲ့ပြီး လူသေဆုံးတဲ့အထိ အားပြင်းခဲ့တဲ့ ဒီမီးလောင်မှုကို ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု စတင်နေပြီဖြစ်ပါတယ်။လူဒါဇင်ချီသေဆုံးတဲ့အထိစိုးရိမ်စရာအခြေအနေရှိတဲ့ ဒါဗောင်းမြို့က ဈေးဝယ်စင်တာမီးလောင်မှုကို ရာဇ၀တ်မှုဆိုင်ရာ စုံစမ်း စစ်ဆေးမှုအဖြစ် စတင်စုံစမ်းနေပြီ ဖြစ်ပါတယ်။ လက်ရှိမှာ ပျောက်ဆုံးနေသူ ၃၇ ဦးအထိရှိနေပြီး ပျောက်ဆုံးသူအများစုဟာ အဲဒီစင်တာအပေါ်ဆုံးထပ်မှာရှိတဲ့ ဖုန်းကနေတစ်ဆင့်အချက်အလက်ဝန်ဆောင်မှုပေးတဲ့ အမေရိကန် ကုမ်္ပဏီက ၀န်ထမ်းတွေ ဖြစ်ပါတယ်။ ဒါဗောင်းမြို့အာဏာပိုင်တွေကတော့ မီးလောင်မှုအတွင်း ပျောက်ဆုံးနေသူတွေကို အသက်ရှင်လျက်ပြန်လည်ရှာ တွေ့နိုင်ဖို့ အခွင့်အလမ်း မရှိသလောက် နည်းတယ်လို့ ဆိုပါတယ်။
မီးလောင်မှုဟာ လေးထပ်မြင့်တဲ့ ဃြဃဃ ဈေးဝယ်စင်တာမှာ လူတွေ ပိတ်မိမှု ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်နေတဲ့အဆောက်အအုံအတွင်းပိုင်းကို မီးသတ်သမားတစ်ဦးက ရိုက်ထားတဲ့ဗီဒီယိုဟာ အင်တာနက်လူမှုကွန်ယက်မှာ ပျံ့နှံ့နေ ပါတယ်။ ဒါဗောင်းမြို့ဟာ မြို့တော်မနီလာကနေ ကီလိုမီတာ ၈၀၀ အကွာမှာရှိပြီး နိုင်ငံ တောင်ပိုင်းမှာ အကြီးဆုံး မြို့ဖြစ်ပါတယ်။သမ္မတ ဒူတာတေးဟာ ပျောက်ဆုံးနေသူတွေရဲ့ မိသားစုဝင်တွေနဲ့တွေ့ဆုံတဲ့ ဓာတ်ပုံတွေလည်းထွက်ပေါ်နေပါတယ်။ ဒါဗောင်းမြို့တော်ဝန်အဖြစ် ဆယ်စုနှစ် ၂ ခုနီးပါးကြာ တာဝန်ယူခဲ့တဲ့ သမ်္မတဒူတာတေးဟာ မြို့ထဲမှာပဲနေထိုင်တုန်းဖြစ်လို့ သမီးဖြစ်သူ ဒါဗောင်းမြို့တော်ဝန်နဲ့ အတူ မီးလောင်မှုဖြစ်ခဲ့တဲ့ဈေးဝယ်စင်တာကို ရှောင်တခင် သွားရောက် ကြည့်ရှုခဲ့ပါတယ်။ မီးဘယ်ကနေ စတင်လောင်ကျွမ်းတယ်ဆိုတာမသိရသေးပေမဲ့ အနီးနား ဆိုင်တွေဟာ မီးလောင် လွယ်တဲ့ ပရိဘောဂဆိုင်တွေ၊ အ၀တ်အစားဆိုင်တွေနဲ့ လျှပ်စစ်ပစ်္စည်းရောင်းချ တဲ့ဆိုင်တွေဖြစ်ပါတယ်။
ဒါဗောင်းမြို့ မီးသတ် တပ်ဖွဲ့ အကြီးအကဲကတော့ ဈေးဝယ်စင်တာဟာ လေ၀င်ပေါက်မရှိတဲ့အလုံပိတ်နေရာဖြစ်တယ်လို့ ပြောထားပါတယ်။ ဈေးဝယ် စင်တာမှာ လုံလောက်တဲ့အရေးပေါ်ထွက်ပေါ်မရှိတာ၊ အပေါက်တစ်ချို့ကို သော့ခတ်ထားတာမျိုး ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုတော့ ဈေးဝယ်စင်တာ စီမံအဖွဲ့က ငြင်းဆိုထားပါတယ်။