BEC-TERO TV

လူမှုကွန်ယက်သုံးသူများ ရင်ကိုထိမှန်စေသော ပညာပေးဇာတ်လမ်းတို (ရုပ်သံ)

27 Dec 2017     1,347 Views


ထိုင်းနိုင်ငံက ရိုက်ကူးတဲ့ အသိပညာပေး ဇာတ်လမ်းတိုလေးတစ်ခုဟာ ကြည့်ရှုမိသူတိုင်းကို အသိစိတ်လေးတစ်ခု ဝင်သွားစေခဲ့ပါတယ်။ ဒီဇာတ်လမ်းတိုလေးဟာ ယနေ့ လူမှုကွန်ယက်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုနေတဲ့ အွန်လိုင်းနိုင်ငံသားတွေအားလုံးကို အသိတစ်ချက်လင်းလက်အောင် လမ်းပြပေးနိုင်ခဲ့လို့ ကြည့်ရှုသူများပြားလာခဲ့ပါတယ်။

ယနေ့ခေတ်မှာ အင်တာနက်ဆိုတာ အန္တရာယ်ရှိတဲ့နေရာအဝန်းအဝိုင်းတစ်ခု ဖြစ်နေပါပြီ၊ လူမှုကွန်ယက်ပေါ်ကနေ တစ်ဆင့် သိမြင်ကြားတွေ့ရတဲ့ ကွက်ကွက်လေးပေါ်မှာပဲ ပြောဆိုရေးသား ဝေဖန်မှုတွေ ကနေတစ်ဆင့် မလိုလားအပ်တဲ့ ပြဿနာတွေ ကြီးထွားလာတတ်ပါတယ်။

ဒီဇာတ်လမ်းတိုလေးကနေ ပေးချင်တဲ့ အကြောင်းရာလေးကတော့ လူမှုကွန်ယက်ပေါ်မှာ ကျွန်တော်တို့ မြင်ရတွေ့ရ ဖတ်ရတာလေး တစ်ခုကနေပဲ တစ်ဖက်သတ်မဆုံးဖြတ်ကြဖို့ အကြောင်းရာတွေရဲ့ နောက်ကွယ်မှာ မသိနိုင်တဲ့ အမှန်တရားတွေ ရှိနေတယ်ဆိုတာကို မီးမောင်းထိုးပြထားတာဖြစ်ပါတယ်။
 

ဒီဇာတ်လမ်းလေးဟာ ဒါရိုက်တာရဲ့ စိတ်ကူးနဲ့ ပညာသားပါပါ တည်းဖြတ်ထားတာ လေးစားစရာကောင်းပါတယ်။
ဇာတ်လမ်းအစမှာ ဈေးရုံကြီးတစ်ခုကို ပိုင်တဲ့ သူဌေးမကြီးက သူ့တပည့်နှစ်ယောက်နဲ့အတူ ဆိုင်ခုံခတွေ လိုက်တောင်းပါတယ်။ အဲဒါကို ဂိုဏ်းစတားဆန်ဆန် ရိုက်ပြထားပါတယ်။ ပြဿနာရဲ့ အစကတော့ ဝက်သားသည်ရဲ့ ချိန်ခွင်ကတ္တားကို ပေါက်ခွဲလိုက်တာကို တစ်ယောက်ယောက်က ဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ် တင်လိုက်ပါတယ်။

အဲဒီဗီဒီယိုကို ကြည့်မိသူတွေက ပြန်ရှဲကြပြီး နောက်ဆုံးမှာ သူဌေးမကြီးကို ရက်စက်သူ၊ ဆင်းရဲသားတွေအပေါ် ခေါင်းပုံဖြတ်နေသူ၊ စာနာတရားကင်းမဲ့သူ စသည်ဖြင့် ဝေဖန်ရေးသားကြပြီး မွဲအောင်လုပ်ကြမယ်လို့ ကြွေးကြော်ကြပါတယ်။

ဒါကို ဈေးသူဈေးသားများနဲ့ အွန်လိုင်းအမြဲသုံးနေတဲ့ သူ့တပည့် နှစ်ယောက်က တွေ့သွားပြီး သူဌေးမကိုပြရာ သူဌေးမက အနည်းငယ်စိတ်ပျက်သွားမိပါတယ်။ သူတပည့်တစ်ယောက်က ဘယ်လိုလုပ်ကြမလဲလို့ မေးတော့ သူဌေးမက ငါတို့လုပ်နေကြအတိုင်းပဲ လုပ်ကြတာပေါ့လို့ ဆိုပြီး ဈေးထဲပြန်ဝင်ကာ အရင်ကအတိုင်း ဆိုင်ခုံခတွေ တောင်းပါတယ်။

အဲဒီနေရာမှာတော့ ဒါရိုက်တာက ပထမဆုံးပြခဲ့တဲ့ ဂိုဏ်စတားဆန်တဲ့ သူဌေးမကြီးရဲ့ အပြုမူတွေ ဘာကြောင့်လဲ ဆိုတာ ပြန်ဖြည်ပါတယ်။ တစ်ကယ်တော့ ဝက်သားသည်ဟာ အလေးခိုးပြီး ရောင်းနေလို့ ဝယ်သူတွေအပေါ်ကို မလုပ်သင့်ကြောင်း အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် ဆက်လုပ်နေတာကြောင့် ကတ္တားကို ပေါက်ခွဲခဲ့တာဖြစ်ပါတယ်။ ဒီလိုပါပဲ လမ်းဘေးမှာ ဈေးရောင်စရာနေရာမရှိတဲ့ သူတွေကို သက်သက်သာသာနဲ့ သူ့ဆိုင်ခန်းတွေမှာ နေရာပေးပြီး ပုံမှန်ဆိုင်ခွန်လိုက်သိမ်းတာပါ။ ရောင်းမကုန်တဲ့ ကြက်သား၊ အုန်းသီး စတာတွေကို သူကပဲ အားလုံးအဆင်ပြေအောင် အခါအားလျော်စွာ ပြန်ဝယ်ပါတယ်။ နေမကောင်းတဲ့သူကိုလည်း ပြုစုဖို့ လူရှင်းတဲ့နေရာကို ခေါ်သွားပြီး ပြုစုပေးတာပါ။

ဒါတွေအားလုံးရဲ့ အကြောင်းရင်းမှန်ကို မသိပဲ အွန်လိုင်းပေါ် ရောက်လာတဲ့ ကွက်ကွက်လေးပေါ်မှာ အားမနာပ ပြောဆိုဝေဖန်နေတာဟာ တစ်ကယ်ဖြစ်သင့်ရဲ့လား လူတစ်ယောက်၊ ကိစ္စတစ်ခုကို တစ်ဖက်သတ်အမြင်နဲ့ပဲ မဆုံးဖြတ်ကြဖို့ ထိုင်းနိုင်ငံက ပညာပေးအနေနဲ့ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
 


27 Dec 2017     1,347 Views




RELATED

Most Popular of Special or Others

Most Popular of Entertainment