BEC-TERO TV

ဘုရင့်နောင်ဆန်ဈေးကွက်တွင် အရောင်းအ၀ယ်ပုံမှန်ရှိနေ

29 Dec 2017     1,562 Views


တရုတ်နယ်စပ် ဆန်အရောင်းအ၀ယ်နှေးကွေးနေပေမယ့် ဘုရင့်နောင် ဆန်ဈေးကွက်မှာတော့ ပုံမှန်အရောင်းဝယ်ရှိနေတယ်လို့ ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်မှသိရပါတယ်။ ရန်ကုန်မြို့နေ ပြည်သူများစားသုံးမှု နည်းပါးတဲ့ ဧည့်မထအုပ်စုဝင် ဆန်ကြမ်း အမျိုးအစားတွေ အများစုကတော့ တရုတ်နယ်စပ်နဲ့ ပြည်ပကိုတင်ပို့ရောင်းချတာတွေ ပြုလုပ်ပါတယ်။ တရုတ်နယ် စပ်ကိုတော့ ၅ မှတ်ဆန်နှင့် ၁၅ မှတ်ဆန်တွေ အများစုကို တင်ပို့ရောင်းချတာဖြစ်ပြီး ၂၅ မှတ်ဆန်တွေကိုတော့ ရေကြောင်းနဲ့ ပြည်ပကိုတင်ပို့ရောင်းချနေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ တရုတ်နိုင်ငံဘက်ခြမ်းမှာ ဆန်တွေ ဖမ်းဆီးမှုတွေရှိနေလို့ နယ်စပ်ကို ဆန်တင်ပို့မှုတွေ နည်းပါးနေတယ်လို့ ပြောပါတယ်။ 
 
 
ပင်လယ်ရေကြောင်းကို အသုးံပြုပြီး ပြည်ပဆန်တင်ပို့မှုဟာ လက်ရှိအချိန်မှာတော့ အိတ်ရေ လေသိန်း သင်္ဘောတင်နေတယ်လို့ ပြောပါတယ်။ ဒီလိုတင်ပို့တာတွေရှိနေတာကြောင့် ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်မှာ ပြည်ပတင်ပို့မှုအတွက် ဆန်အရောင်းအ၀ယ်တွေ ပုံမှန်အတိုင်းရှိနေပြီး ဒီဇင်ဘာ ၂၇ ရက်နေ့ ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှာ ပြည်ပကို တင်ပို့နေတဲ့ ၂၅ မှတ်ဆန် တစ်အိတ်ကို ၁၈၅၀၀ ကျပ်မှ ၁၉၀၀၀ ၀န်းကျင်မှာ အရောင်းအ၀ယ်ဖြစ်နေလို့ သိရပါတယ်။
 
 
တရုတ်နိုင်ငံက ဆန်ကုန်သည်တွေက မြန်မာနိုင်ငံမှ ဆန်ကို ဧည့်မထ ၅ မှတ်အမျိုးအစားဆန်နဲ့ ၁၅ မှတ်ဆန်အမျိုးအစားတွေကိုပဲ အဓိကထားဝယ်ယူနေတာပါ။ ဒီဆန်အမျိုးအစားတွေကို ပြည်တွင်းမှာလည်း စားသုံးမှုရှိတာကြောင့် ပြည်တွင်း လက်လီရောင်းချ နေတဲ့ ဆန်ဆိုင်တွေနဲ့ အပြိုင်ဝယ်ယူတာတွေ ဖြစ်လာရင် ဆန်းဈေးလှုပ်တာမျိုးရှိတတ်တယ်လို့ ပြောပါတယ်။ဒီဇင်ဘာ ၂၇ ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်မှာ ဧည့်မထ ၅ မှတ်ဆန် အမျိုးအစား တစ်အိတ် ၂၄၀၀၀ ကျပ်ဝန်းကျင်မှာ အရောင်းအ၀ယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်မှာ လက်ရှိတရုတ်နယ်စပ်လမ်းကြောင်းအခြေအနေနဲ့ ရန်ကုန်ဆိပ်ကမ်းမှ သင်္ဘောတင်အခြေအနေပေါ်မူတည်ပြီး ဆန်ဈေးအတက်အကျ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
 

29 Dec 2017     1,562 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS