ရန်ကုန်မြို့တော်အတွင်း ဆေးလိပ်ငွေ့ကင်းစင်ရေးအတွက်ပညာပေး လုပ်ဆောင်မှုတွေဆောင်ရွက်နေ
29 Dec 2017 1,442 Views

ကျန်းမာရေးနှင့်ကစားဝန်ကြီးဌာနနဲ့ ရန်ကုန်မြို့တော်ဝန်တို့ပူးပေါင်းပြီး ရန်ကုန်မြို့တော်အတွင်း ဆေးလိပ်ငွေ့ကင်းစင်ရေးအတွက် ပညာပေးလုပ်ဆောင်မှုတွေကိုဆောင်ရွက်နေတယ်လို့ ဒီဇင်ဘာလ(၂၇)ရက်မှာတော့ ရန်ကုန်တက္ကသိုလ်ရဲ့ ၀ိဇ်္ဇာခန်းမမှာ ပြုလုပ်တဲ့ တက္ကသိုလ်အတွင်း ဆေးလိပ်ငွေ့ကင်းစင်ရေးအတွက်ပညာပေးဆွေးနွေးပွဲမှ သိရပါတယ်။ ဆေးလိပ်နှင့် ဆေးရွက်ကြီးကြောင့် တစ်ကမ္ဘာလုံးအနေနဲ့ နှစ်စဉ်လူဦးရေ(၇ သန်း)ခန့် သေဆုံးနေတာဖြစ်ပြီး၊ မြန်မာနိုင်ငံမှာတော့ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ်္စည်း သုံးစွဲမှုကြောင့် နှစ်စဉ်လူဦးရေ (၇)သောင်းကျော် သေဆုံးမှုဖြစ်ပွားနေတယ်လို့ WHO ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
ဒါကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်မြို့တော်ဝန်တို့ ပူးပေါင်းပြီး ဥပဒေအရ ဆေးလိပ်မသောက်ရ သတ်မှတ်ထား တဲ့နေရာတွေမှာ ရာနှုန်းပြည့် ဆေးလိပ်မသောက်ရအောင်လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။ ဆေးလိပ်ငွေ့ရှုမိတဲ့ပြည်သူတွေရဲ့ ကျန်းမာရေးထိခိုက်မှုများလျော့နည်းသွားဖို့ အစရှိတဲ့ ရည်ရွယ်ချက်တွေနဲ့ ဆေးလိပ်ငွေ့ကင်းစင်ရေး နယ်မြေများအဖြစ် အခုလိုဖော်ထုတ်နေတာဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်ကပြောပါတယ်။
ဆေးလိပ်နဲ့ဆေးရွက်ကြီးသုံးစွဲမှုလျော့နည်းရေးဥပဒေအရ အဓိကနေရာတွေဖြစ်တဲ့ တက်္ကသိုလ်၊ ကျောင်းတွေနဲ့ ၊ ဆေးရုံ ၊ ဆေးခန်းတွေ၊ အများပြည်သူ ၀င်ထွက်၊သွားလာနေကြတဲ့ ပန်းခြံ၊ စားသောက်ဆိုင်၊ အားကစားကွင်းတွေနဲ့ အများပြည်သူခရီးသွားလာနေတဲ့ မီးရထား၊ဘစ်ကား အစရှိတဲ့နေရာတွေမှာ ဆေးလိပ်မသောက်ရနယ်မြေဖြစ်သတ်မှတ်အဖြစ်သတ်မှတ်ထားပါတယ်။ဆေးလိပ်နှင့် ဆေးရွက်ကြီးကြောင့် နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ၊ ဦးနှောက်သွေးကြောပိတ် ရောဂါနှင့် ပါးစောင်ကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အဆုတ်ကင်ဆာ အစရှိတဲ့ကင်ဆာရောဂါများနဲ့ သေဆုံးမှုများဖြစ်ပွားနေတာကြောင့် အခုလို (၁၅)နှစ်နဲ့အထက် ကျောင်းသား လူငယ်များရှိတဲ့တက်္ကသိုလ်တွေ၊ကျောင်းတွေကို အဓိကထားပြီး ပညာပေးလုပ်ဆောင်မှုတွေဆောင်ရွက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်မြို့တော်ဝန်တို့ပူးပေါင်းပြီး ရန်ကုန်မြို့တော်အတွင်း ဆေးလိပ်ငွေ့ကင်းစင်ရေး ပညာပေးလုပ်ငန်းတွေ၊ လူထုစည်းရုံးမှုလုပ်ငန်းတွေနဲ့ ဆေးလိပ်မသောက်ရနယ်မြေတွေမှာ အခုလိုစည်းရုံးမှုလုပ်ငန်းတွေကို အဆင့်ဆင့်ဆောင်ရွက်သွားမှာဖြစ်ပြီး၊ ကျောက်တံတားမြို့နယ် တစ်ခုလုံးကို ဆေးလိပ်ကင်းစင်ရေးနယ်မြေအဖြစ် ဖော်ထုတ်ဖို့လုပ်ငန်းတွေကို အကောင်ထည်ဖော် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။