BEC-TERO TV

ရေသန့်ဆိုတာ တစ်ကယ်ရောသန့်စင်ပါရဲ့လား..?

02 Jan 2018     1,888 Views


သန့်စင်တဲ့ရေဆိုတာ ကျွန်တော်တို့ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးတဲ့အတွက်  အခုလို ဗူးတွေနဲ့ရောင်းချနေတဲ့ ရေ တွေဟာ သူတို့ရဲ့ ကြော်ငြာတွေထဲမှာ “fresh” ဒါမှမဟုတ် “clean ” တို့ရဲ့ အရှေ့မှာ “pure” ကို ထည့်ကြေငြာတတ်ကြပါ တယ်။
 
ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ ရေသန့်စင်အောင်ပြုလုပ်တဲ့ ကုမ္ပဏီတွေဟာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံ ထားပြီး ရေပိုက်ခေါင်းမှလာတဲ့ ရေတွေကို သန့်စင်တဲ့ဖော်မြူလာမှာ အခြားဒြပ်တွေကို သန့်စင်နိုင်ပေမယ့် အောက်ဆီဂျင်(H2O) ကိုတော့ မဖယ်ထုတ်ရန် ကတိခံထားရပါတယ်။

အမှန််တော့ လုံးဝသန့်စင်တဲ့ရေဆိုတာ ကမ္ဘာပေါ်မှာ မရှိပါဘူး။ အော်ရီဂွန်ပြည်နယ်တက္ကသိုလ်မှာရှိတဲ့ ဓာတုဗေဒပါရဂူ May Nyman က ရေတွေဟာ သူတို့ရဲ့သဘာဝအရ လုံးဝသန့်စင်ဖို့အတွက် ရေဖွဲ့စည်းပုံထဲမှာပါဝင်တဲ့ ဟိုက်ဒိုဂျင် မော်လီကျူးတွေကို သုံးပြီး ဘေးပတ်ဝန်းကျင်မှာရှိတဲ့ အခြားဒြပ်စင်တွေကို စုတ်ယူတယ်လို့ ရှင်းပြခဲ့ပါတယ်။ ရေဟာ ပိုပြီး သန့်စင်လာလေလေ အနားမှရှိတဲ့ ဒြပ်စင်တွေနဲ့ ပိုပြီးရောနှော လာလေလေဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
 
ရေမှာအဲ့ဒီဂုဏ်သတ္တိတွေ ရှိနေတဲ့အတွက် ရေကိုပိုမိုသန့်စင်အောင်ပြုလုပ်ဖို့ ခက်ခဲကြောင်း၊ ပြုလုပ်ခဲ့ရင်လည်း တိကျတဲ့အမှတ် တစ်ခုရောက်တဲ့အခါမှာ ရေဟာ သူ့ဆီမှာ ပေါင်းထည့်ထားတဲ့ အရာတွေကို ပျော်ဝင်သွားအောင်ပြုလုပ် နိုင်ကြောင်းရှင်းပြခဲ့ပါတယ်။ လုံးဝနီးပါးသန့်စင်တဲ့ရေ ရအောင်လုပ်နိုင်တဲ့ အခြေအနေတွေကတော့ အနည်းငယ်ပဲရှိပြီး ထုတ်လုပ်တဲ့ အခြေအနေပေါ်မူတည်ပြီး  အရသာလည်း ကွဲသွားပါတယ်။
 
ဒါပေမဲ့ Nyman ကတော့ ရေထဲမှာပါတဲ့ အညစ်အကြေးတွေကို အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ရာမှာ ကျိုချက်ပေးခြင်းက အလွယ်ကူဆုံးပဲလို့ ရှင်းပြခဲ့ပြီး (လုံးဝ)သန့်စင်တဲ့ ရေဆိုတာ မရှိကြောင်း ပြောခဲ့ပါတယ်။

02 Jan 2018     1,888 Views




RELATED

Most Popular of Health Fix

Most Popular of Life Style