BEC-TERO TV

ဈေးဝယ်သူကိုယ်ဝန်သည်တစ်ဦးအား စူပါမားကတ်ဝန်ထမ်းများ ကလေးမီးဖွားပေးခဲ့ရ

02 Jan 2018     1,456 Views


ကယ်လီဖိုးနီးယား မှာရှိတဲ့ ကုန်တိုက်တစ်ခုမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ဈေးဝယ်နေရင်း ဗိုက်နာလာတာကြောင့် ကုန်တိုက်ရှိ ၀န်ထမ်းများ ၀ိုင်းဝန်းကူညီကာ ကလေးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ ပါတယ်။

ဖြစ်စဉ်မှာ El Parian ကုန်တိုက်တွင် ပုံမှန်ဈေးဝယ်လေ့ရှိသူ ကိုယ်ဝန်ဆောင် အမျိုးသမီးဟာ ည ၇ နာရီခန့်မှာ အချိုရည်ဗူး လာဝယ်ခဲ့ပါတယ်။ ခဏအကြာမှာပဲ ကိုယ်ဝန်ဆောင် အမျိုးသမီးဟာ ကလေးမီးဖွားလို၍ ဗိုက်နာလာသဖြင့် ကြမ်းပြင်ပေါ်သို့ ဒူးထောက်ချလိုက်ပြီး နာကျင်စွာ အော်ဟစ်နေခဲ့တယ်လို့ ကုန်တိုက်ပိုင်ရှင် Issamar Sepulveda က ဆိုပါတယ်။

ကုန်တိုက်ဝန်ထမ်းများက အမျိုးသမီးဆီကို ပြေးလာခဲ့ပြီး ဆေးရုံကိုလည်း ဖုန်းဆက်ခဲ့ပါတယ်။ ဒါပေမဲ့ ဆေးရုံပို့ဖို အချိန်မမီတော့တာကြောင့် ဖုန်းကနေတစ်ဆင့် ဆေးရုံက ညွှန်ကြားတဲ့အတိုင်း တသဝေမတိမ်း လိုက်နာလုပ်ဆောင်ပြီး ဝန်ထမ်းများက ကလေးမွေးနိုင်အောင် ၀ိုင်းဝန်းကူညီခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ကလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။

အသားငါးတွေကိုင်ရတဲ့ ဝန်ထမ်းက ကလေးချက်ကြိုးကို ကတ်ကြေးတစ်လက်ဖြင့် ဖြတ်ပေးခဲ့ပါတယ်။ ကုန်တိုက်ပိုင် ရှင်က “ကျွန်တော်တို့ တော်တော်ကို ဗျာများခဲ့ ကြတာပေါ့၊ ကျွန်တော်ကတော့ ကလေးလေး ကျန်းမာပါစေလို့ ဆုတောင်းပေးနေခဲ့ပါတယ် ၊ နောက်ဆုံး အောင်မြင်စွာမွေးဖွားနိုင်ခဲ့တယ်၊ ကျွန်တော့ဝမ်းမြောက်မှုကတော့ အတိုင်းမသိပါပဲဗျာ” လို့ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။


02 Jan 2018     1,456 Views




RELATED

Most Popular of Special or Others

Most Popular of NEWS