BEC-TERO TV

ကလေးတွေ မျက်စိမှုန်ခြင်းမဖြစ်အောင် မိဘတွေလုပ်ဆောင်သင့်တဲ့ အချက်များ

02 Jan 2018     1,622 Views


ယနေ့ခေတ် ကလေးအများစုက အပြင်ထွက်ပြီး ဆော့ကစားတာတွေထက်စာရင် စမတ်ဖုန်း၊ ကွန်ပျူတာ နှင့် တက်ဘလပ် တို့ကိုသာ အသုံးပြုပြီး ဆော့ကစားလာကြတာကို မြင်တွေ့ရပါတယ်။ ဒီလိုမျိုး ဖုန်းတွေနဲ့ အချိန်ကြာကြာ ဆော့ကစားခြင်းကြောင့် ကလေးတွေရဲ့ အမြင်အာရုံတွေကို ထိခိုက်စေပါတယ်။ ဒီလိုမျိုးဖုန်းတွေကို ကြည့်ပြီး စွဲစွဲမြဲမြဲ ဆော့နေခြင်းကြောင့် ကလေးတွေဟာ အရွယ်မတိုင်မီမှာပဲ မျက်စိအနီးမှုန်ခြင်းကို ဖြစ်စေပါတယ်။

ကလေးတွေအတွက် အနီးမှုန်လာတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ဆိုရင် ကလေးတွေကို အပြင်ထွက်ပြီး နေရောင်ခြည်အောက်မှာ ကိုယ်လက်လှုပ်ရှားပြီး ဆော့ကစားစေခြင်းက အဆင်ပြေစေနိုင်လိမ့်မည်ဟု ကျွမ်းကျင်သူများက အကြံပေးခဲ့ကြပါတယ်။
 
ဒါ့အပြင် ကလေးတွေကို ဘီတာမင် A, C, E ပါတဲ့ သဘာဝသစ်သီးနဲ့ ဟင်းသီးဟင်းရွက်တို့ကိုလည်း ကျွေးဖို့လိုအပ်ပါတယ်။ အိုမီဂါ ၃ လို့ခေါ်တဲ့ အဟာရအက်ဆစ်ဓါတ်ဟာ မျက်လုံးနဲ့ ကျောရိုးတို့အတွက် များစွာအထောက်အကူ ဖြစ်စေပါတယ်။ ဖြစ်နိုင်ရင် ပုံမှန်မျက်စိ အမြင်အာရုံစစ်ဆေးမှုလည်း ခံယူသင့်ပါတယ်။

ပရော်ဖက်ဆာ Chris Hammond က အနီးမှုန်သူတွေဟာ ယခင်ကထက်၊ ယခုဆယ်စုနှစ်အတွင်းမှာ သိသိသာသာ များပြားလာခဲ့တယ် လို့ဆိုပါတယ်။ အရှေ့အာရှ၊ စင်ကာပူ၊ ထိုင်ဝမ် နှင့် တောင်ကိုးရီးယားတို့မှာ ဆိုလျှင် ၁၈ နှစ်အောက်လူငယ်တွေ ရဲ ့ ၉၀ ရာခိုင်နှုန်းဟာ အနီးမှုန်ခြင်းကိုခံစားနေရပါတယ်။ Europe မှာဆို လျှင် အသက်၂၀ အောက်လူလတ်ပိုင်း ၄၀ မှ ၅၀ ရာခိုင်နှုန်းခန့်ဟာ အနီးမှုန်ကို ခံစားနေရပါတယ်။ ဒီလို အနီး မှုန်ခြင်းခံစားရသူ ဦးရေဟာ ၂၀ ရာစုနောက်ပိုင်းမှစ၍ ၂၀ မှ ၃၀ ရာခိုင်နှုန်းထိ တိုးပွားလာခဲ့ပါတယ်။


02 Jan 2018     1,622 Views




RELATED

Most Popular of Health Fix

Most Popular of Life Style