BEC-TERO TV

ဆောင်းရာသီတုတ်ကွေးကြောင့် ဆေးရုံတွင် လူနားများဖြင့်ပြည့်လျှံ

02 Jan 2018     1,548 Views


အင်္ဂလန်နိုင်ငံမှာ ဆောင်းရာသီ တုပ်ကွေးကြောင့် ဆေးရုံ၊ ဆေးခန်းတွေမှာ လူနာခန်းတွေ ပြည့်နေရုံသာမက စင်္ကြန်လမ်းတစ်လျှောက်ပါ လူနာတွေနဲ့ ပြည့်နေခဲ့တယ်။ ဒါ့ကြောင့် အင်္ဂလန်မှာရှိတဲ့ ဆရာဝန်တွေက ဆောင်းရာသီ တုပ်ကွေးကို မမိအောင် သတိထားရန်နှင့် ဖြစ်လာရင်လည်း မပေါ့ဆကြဖို့ သတိပေးထားပါတယ်။ နှစ်သစ်ကာလမှာ ဆောင်းရာသီတုပ်ကွေး ဖြစ်လျှင် အရေးပေါ်အခြေအနေမှသာ ဖုန်းခေါ်ဆိုရန် ရုပ်သံ တွေမှကြေငြာခဲ့ပါတယ်။

လူနာတင်ယာဉ် မောင်းနှင်သူများကလည်း ဒီနှစ်သစ်ညမှာ ဆောင်းရာသီ တုပ်ကွေးကြောင့် လူနာများကို ဆေးရုံ၊ ဆေးခန်းသို့ ပို့ဆောင်နေကြသဖြင့် အတော်ကို အလုပ်များခဲ့ ကြတယ်လို့ ဆိုပါတယ်။

ဆေးရုံ၊ ဆေးခန်းမှာ ရှိတဲ့ ဆရာဝန်တွေကတော့ ပုံမှန် နှင့် အရေးပေါ် လူနာတွေကြောင့် လူသွားစင်္ကြန် တစ်လျှောက်မှာ လူနာတွေနဲ့ ပြည့်နေခဲ့ပြီး အချိန် ၁၂ နာရီထက်မနည်း အလုပ်ဆင်းခဲ့ရတယ်လို့ ဆိုပါတယ်။ NHS ကျန်းမာရေးဌာနကတော့ သည်ဆောင်းရာသီတုပ်ကွေးကို ခံစားခဲ့ရတဲ့ လူဦးရေဟာ ခရစ်စမတ်နေ့ကစပြီး တစ်ပတ်လောက်ထိ ၆၇ ရာခိုင်နှုန်း၊ တစ်နည်းအားဖြင့် လူနာပေါင်း ၃.၇ သန်းလောက် ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။


02 Jan 2018     1,548 Views




RELATED

Most Popular of Special or Others

Most Popular of NEWS