BEC-TERO TV

တရုပ်က စွန့်ပစ်ပစ္စည်းတင်သွင်းခွင့်ပိတ်လိုက်သဖြင့် ဗြိတိန်ဒုက္ခတွေ့နေ

02 Jan 2018     1,306 Views


ဗြိတိန်နိုင်ငံမှ ပလပ်စတစ်တင်ပို့မှုကို တရုတ်နိုင်ငံမှ လက်မခံတော့တာကြောင့် ဗြိတိန်နိုင်ငံဟာ စွန့်ပစ်ပစ္စည်းစုပုံမှု အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။ စွန့်ပစ်ပစ္စည်း ပြန်လည်သုံးစွဲရေး အဖွဲ့မှူးတွေကတော့ ဗြိတိန်နိုင်ငံဟာ သူတို့ထုတ်လုပ်လိုက်တဲ့ များပြားလှတဲ့ ပလတ်စတစ်တွေကို စနစ်တကျ ကိုင်တွယ်မဖြေရှင်းနိုင်တဲ့အတွက် တရုတ်နိုင်ငံက သွင်းကုန်လက်မခံတော့ကြောင်း သတိပေးထားခဲ့ပါတယ်။

နှစ်စဉ် ပလတ်စတစ် တန်ချိန်ငါးသိန်းနီးပါးခန့် တရုတ်နိုင်ငံကို တင်ပို့ပြီး တရုပ်က စက်ရုံတွေမှာ ပြန်လည်အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်အစိုးရရဲ့ မူဝါဒသစ်အရ နိုင်ငံခြားကလာတဲ့ အမှိုက်တွေကို ကိုယ့်နိုင်ငံစက်ရုံမှာ ပြန်လည်သုံးစွဲနေရတာကို ရပ်တန့်ပြီး ကိုယ်တိုင်သန့်ရှင်းတဲ့ စက်မှုလုပ်ငန်း ဖြစ်လာအောင် အဆင့်မြင့်တင်လိုတာဖြစ်ပါတယ်။

ဒီလိုတားမြစ်လိုက်မှုရဲ့ အကျိုးဆက်က ဗြိတိန်နိုင်ငံရဲ့ စွန့်ပစ်ပစ္စည်းလုပ်ငန်းတစ်ခုလုံးကို အကြီးကျယ်ဂယက်ရိုက်စေခဲ့ပါတယ်။ ဗြိတိန်နိုင်ငံရဲ့ စွန့်ပစ်ပစ္စည်းပြန်လည်သုံးစွဲရေး အဖွဲ့မှူး Simon Ellin က ဒီကိစ္စဟာ သူတို့အတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုဖြစ်ကြောင်း၊ သူတို့ဟာ နိုင်ငံရဲ့စွန့်ပစ်စက္ကူ ၅၅ ရာခိုင်နှုန်း၊ ပလတ်စတစ် ၂၅ ရာခိုင်နှုန်းတို့ကို ဖြေရှင်းဖို့ တရုတ်နိုင်ငံအပေါ် မှီခိုနေရကြောင်း ရှင်းပြခဲ့ပါတယ်။ ရေတိုဖြေရှင်းနည်းကတော့ မီးရှိုတဲ့ ပလတ်စတစ်ပမာဏကို တိုးဖို့ဖြစ်ပြီး အဲ့လိုတိုးခြင်းဟာလည်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်ကြောင်းနဲ့ လေထု အဆိပ်သင့်နိုင်ကြောင်း ပြောပြခဲ့ပါတယ်။

Ellin ကတော့ တကယ်လို့ အစိုးရဟာ ဒီလိုစွန့်ပစ်ပစ္စည်းတွေကို ပြန်လည်သုံးစွဲဖို့ ဆန္ဒပြင်းထန်တယ်ဆိုရင် စွန့်ပစ်ပစ္စည်းပြန်လည်သုံးစွဲတဲ့ စက်ရုံတွေမှာ လာရောက် လှူဒါန်းပြီး သင့်တော်တဲ့ အစီအမံတွေနဲ့ ဖြေရှင်းသင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။


02 Jan 2018     1,306 Views




RELATED

Most Popular of International News

Most Popular of NEWS