BEC-TERO TV

အာဖဂန်တွင် ဈာပနပွဲတစ်ခုအတွင်း အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွား

03 Jan 2018     1,494 Views


အာဖဂန်နစ်္စတန်နိုင်ငံအရှေ့ပိုင်းက ဂျာလာလာဘတ်မြို့မှာ ဈာပနပွဲတစ်ခုအတွင်း အသေခံဗုံးခွဲ တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့လို့ လူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး နောက်ထပ် ၁၃ ဦးဒဏ်ရာရ ရှိခဲ့တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ပြောခွင့်ရသူကပြောပါတယ်။ပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ ပြောခွင့်ရသူ အတူလာ ခိုယာနီက တိုက်ခိုက်သူဟာ မြို့တွင်းမှာရှိတဲ့သုဿန်မှာ ခရိုင်အုပ်ချုပ်ရေးမှူးဟောင်းရဲ့ဈာပနပွဲကို တက်လာသူတွေကြားထဲ အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။ အခုတိုက်ခိုက်မှုဟာ ဘယ်သူ့လက်ချက်ဖြစ်လဲဆိုတာ မသိရသေးသလို ဘယ်အဖွဲ့အစည်းကမှ သူတို့လုပ်ရပ်ဖြစ်တယ်ဆိုတာ ပြောထားခြင်းမရှိသေးပါ ဘူး။ အာဖဂန်နစ်္စတန်နိုင်ငံအတွင်းမှာ ပြီးခဲ့တဲ့တစ်ပတ်တုန်းကလည်း မြို့တော် ကဘူးမှာရှိတဲ့ ရှီးယိုက် ယဉ်ကျေးမှုစင်တာကို ပစ်မှတ်ထားတဲ့ အသေခံဗုံး ခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့လို့ လူပေါင်း ၄၁ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။
 
 
အဲဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ အိုင်အက်စ်အဖွဲ့ကပြောထားပြီး အဲဒီအသေခံဗုံးခွဲတိုက်ခိုက်မှုဟာ မြို့တော်ကဘူးလ်မှာ လပိုင်း အတွင်းဖြစ်ပွားတဲ့အဆိုးရွားဆုံး တိုက်ခိုက်မှုဖြစ်ခဲ့ပါတယ်။ အမေရိကန်ရဲ့လေကြောင်းကူပစ်ပေးမှုနဲ့အတူ အာဖဂန်လုံခြုံရေးတပ်ဖွဲ့ တွေဟာ တာလီဘန်နဲ့ အိုင်အက်စ်အဖွဲ့ဝင် အခြားစစ်သွေးကြွအုပ်စုတွေကို နှိမ်နင်းထားနိုင်ခဲ့ပေမဲ့ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်သမားတွေနဲ့ စစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပြီး အသေအပျောက်လည်များနေပါတယ်။
 
 

03 Jan 2018     1,494 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS