၂၀၁၇ ခုနှစ်ကို တစ်ကြိမ်ပြန်လည်ရောက်ရှိသွားကြသော ဟာဝိုင်အီလေကြောင်းခရီးသည်များ
03 Jan 2018 1,513 Views

ဟာဝိုင်အီလေကြောင်းလိုင်း ခရးစဉ်နှောင့်နှေးခဲ့မှုကြောင့် လေယာဉ်ပေါ်ပါခရီးသည်များ ၂၀၁၇ ခုနှစ်ကို တစ်ကြိမ်ထပ်မံရောက်ရှိခဲ့ပြီး နှစ်သစ်ကူးညကို ထူးထူခြားခြား နှစ်ကြိမ်တိုင်တိုင်ကြုံခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပျက်ခဲ့သည်။
ဟာဝိုင်အီလေကောင်းလိုင်း ခရီးစဉ်အမှတ် 446 သည် နယူးဇီလန်နိုင်ငံ အုတ်ကလန်မြို့ လေဆိပ်မှ ၁၀ မိနစ်နောက်ကျကာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ နံနက် ၁၂ နာရီ ၅ မိနစ်တွင် ထွက်ခွာခဲ့ပြီး ဟိုနိုလူလူ လေဆိပ်သို့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် နံနက် ၁၀ နာရီ ၁၆ မိနစ်တွင် ဆိုက်ရောက်ခဲ့သဖြင့် နှစ်သစ်ကူးနေ့ကို နှစ်ကြိမ်တိုင်တိုင် ကြုံကြိုက်ခဲ့သလို ၂၀၁၈ ခုနှစ်က ခရီးထွက်လာခဲ့ရာ ၂၀၁၇ ခုနှစ်ကို ပြန်လည် ရောက်ရှိခဲ့သော အတွေ့ကြုံတစ်ခုကို ထူးထူးခြားခြားရရှိခဲ့ကြသည်။
အချိန်ကာလ ၂၃ နာရီ ကွာခြားမှုက ခရီးသည်များအား တစ်သက်တာမမေ့နိုင်သည့် အချိန်ခရီးသွား (Time Traveler) များ ဖြစ်စေခဲ့သည်။







