ပုဂံမှာနိုင်ငံခြားသားတွေအတွက်Home Stayနေထိုင်ခွင့်ကို (၂၀၁၉)ခုနှစ်မှာ ခွင့်ပြုနိုင်ဖို့ စီစဉ်နေ
03 Jan 2018 1,480 Views

ပုဂံမှာနိုင်ငံခြားသားတွေကို နေအိမ်တွေမှာနေထိုင်ခွင့်(Home Stay)အတွက် ၂၀၁၉ခုနှစ်မှာ စတင် ခွင့်ပြုစီစဉ်နေတယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ကပြောပါတယ်။ နိုင်ငံခြားသားတွေကို နေအိမ်တွေမှာနေထိုင်ခွင့် (Home Stay)နေထိုင်ခွင့်နဲ့ ပတ်သက်ပြီး ပုဂံဒေသက ကျေးရွာတွေ၊ ပုဂံညောင်ဦးဒေသက ဒေသခံတွေရဲ့အကျိုးစီးပွားကို ဦးစားပေးတဲ့ အနေနဲ့ ဆောင်ရွက်တာလို့ ပြည်ထောင်စုဝန်ကြီးကပြောပါတယ်။
ပုဂံဒေသကို Home Stay နေထိုင်ခွင့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြမှာ ဖြစ်ပြီး ခွင့်ပြုခဲ့ပါက ပုဂံဒေသဟာ မြန်မာနိုင်ငံမှာ နိုင်ငံခြားသားခရီးသွားတွေကို ပထမဆုံး Home Stay နေထိုင်ခွင့် ပြုတဲ့မြို့ဖြစ်လာ မယ်လို့ သိရပါတယ်။ ပုဂံဒေသကို ကမ်္ဘာ့အမွေအနှစ် စာရင်းဝင်ရေးကိုလဲ ထိခိုက်မှုမရှိစေပဲ ယူနက်စကိုဘက်က သတ်မှတ်ထားတဲ့ အချက်တွေနဲ့လဲ ကိုက်ညီအောင် ဒေသခံတွေရဲ့အလုပ်အကိုင်နဲ့စားဝတ်နေရေးတွေလည်းအဆင်ပြေစေဖို့ အတွက် Home Stay နေထိုင်ခွင့်အပါအ၀င်တည်းခိုခန်းတည်ဆောက်ခွင့်တွေကိုပါ ခွင့်ပြုပေးသွားမယ်လို့ ဆိုပါတယ်။
ပုဂံဒသကိုကမ္ဘာ့အမွေအနှစ်စာရင်းဝင်မြို့အဖြစ်သတ်မှတ်ဖို့ရာအတွက် အဆိုပြုလွှာကိုတင်ထားပြီး ဖြစ်ကာ အဆိုပြုလွှာမူချောကိုတော့ ၂၀၁၈ခုနှစ်ဆန်းပိုင်းမှာ တင်သွင်း ရမှာဖြစ်ပြီး ယူနက်စကိုက ပညာရှင်တွေ ကွင်းဆင်းစစ်ဆေးကာ အသေးစိတ်လေ့လာပြီး ပုဂံဒေသကို အမွေအနှစ်စာရင်း ပါသင့်မပါသင့်ကို ဆုံးဖြတ်သွားမယ်လို့သိရပါတယ်။