BEC-TERO TV

အနုပညာ အလုပ်မလုပ်တော့ပေမယ့် ပွဲတက်လှဖို့အတွက်ဝိတ်ပြန်ချမယ်ဆိုတဲ့ သဉ္ဖာနွယ်ဝင်း

03 Jan 2018     1,230 Views


သားဦးလေး အတွက် ကိုယ်ဝန်ဆောင်စဉ်ထဲက ကျန်းမာရေးကို ကရုစိုက်ခဲ့ တဲ့  သဉ္ဖာနွယ်ဝင်း ဟာ အခုဆိုရင် သားလေးကို မွေးဖွားပြီးတဲ့ အချိန်မှာ ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ၁၁၅ ပေါင်ရှိနေပြီလဲ ဖြစ်ပါတယ် ။ အနုပညာ အလုပ်တွေ မလုပ်တော့ပေမယ့် အခမ်းအနား ပွဲများတက်တဲ့အခါမှာ လှပနေဖို့အတွက် ၀ိတ်ပြန်ချမယ်လို့လဲ ပြောထားပါတယ် ။ “ကိုယ်ဝန်ရှိတုန်းက ကလေးအတွက်ဆိုပြီး စားထားတာ အခုတော့ ကလေးက တစ်လလောက်ရှိသွားပြီဆိုတော့ ၀ိတ်တော့ နည်းနည်းကျသွားပြီး ။သဉ္ဖာက ၀ိတ်ချရတာမြန်ပါတယ် ။ အခုဆိုရင် အခန်းထဲမှာပဲ လမ်းလျှောက်တော့ ၀ိတ်နည်းနည်းကျသွားတယ်ထင်တယ် ။သဉ္ဖာက ၀ရင်မကြိုက်ဘူး မျက်နှာက ဖောင်းလာတယ် ။ ဓာတ်ပုံရိုက်လည်းမလှဘူး ။

ကိုယ်အနုပညာမလုပ်တော့ဘူဆိုပေမယ့်လည်း  တစ်ခါတစ်လေ ပွဲအခမ်းအနားတွေတတ်တဲ့ အခါကျရင်တော့ လှလှလေးတက်ချင်တယ်ပေါ့နော် ။ ၀ိတ်ကတော့ချရမှာပေါ့ ။ အပျိုတုန်းက အတိုင်း ပေါင် ၉၀ လောက်ထိချမယ် ။အခုတော့ ၁၁၅ ပေါင် ရှိနေတယ် ။ ကလေးနို့ဖြတ်ပြီးရင်တော့ ပြန်ချမယ် ။ အလှအပကို ကြိုက်ပေမယ့် အပျိုတုန်းကထက်စာရင်တော့ အများကြီးလျှော့သွားပါတယ် ။ အခု တချို့အင်္ကျီင်္လေးတွေ တအားလှတယ် ။ ကိုယ်ဝတ်ချင်ပေမယ့် ကိုယ်ဝတ်လိုက်ရင် ကလက်တက်တက် ဖြစ်သွားမလားဆိုပြီးတော့ မ၀တ်တော့တာတွေ ရှိလာတယ် ။ အိမ်ထောင်သည် သဉ္ဖာ အနေနဲ့ အလှအပကို ကြိုက်တယ် အပျိုတုန်းကလောက်တော့ မဟုတ်တော့ဘူးပေါ့နော် ။ စိတ်ခံစားချက်တွေလည်းပြောင်းလာသလို လူတွေ အပေါ် မြင်တဲ့အမြင်တွေကလည်း ပိုမိုကျယ်ပြန့်လာခဲ့တယ်” ဆိုပြီး ပြောထားပါတယ် ။  

Credit:popular


03 Jan 2018     1,230 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment