BEC-TERO TV

မိန်းမကိစ္စရှုပ်တာလည်းမရှိ၊ ရန်ငြိုး ရန်စလည်းမရှိလူမှားလုပ်ခံရတာပါ ဆိုတဲ့ အောင်ရဲထွေး ချစ်သူ

03 Jan 2018     1,343 Views


သေဆုံးသူ အောင်ရဲဖွေးရဲ့ ချစ်သူဖြစ်တဲ့ မေဖူးမောင်က " ညီမနဲ့သူနဲ့ The Oneကို​ရောက်​​နေတဲ့အချိန်​ က​နေရင်း လူချင်းခွာလိုက်​ချိန်​မှာ တစ်​​ယောက်​က ညီမကို​စောင့်​တွန်းလိုက်​တယ်​။သူကိုယ်​တိုင်​က ညီမထိမှာစိုးလို့ တွန်းတာလား၊လုပ်​တဲ့သူ​တွေကတွန်းတာလား​တော့မသိဘူး။သေချာမသဲကွဲ​ပေမယ့်​ သုံး​လေး​ယောက်​၀ိုင်းလုပ်​ကြတယ်​။ VVIPမှာဖြစ်​တာပါ။ သုံး​လေး​ယောက်​​လောက်​ရှိ​ပေမယ့်​ ​သွေးပူ​နေ​တော့အတိအကျ​တော့ မသိဘူး။ သူ့ကိုထိုး​နေချိန်​မှာ လူမှားတာပါ။ရန်​ငြိုးရှိတဲ့သူမဟုတ်​ပါဘူး၊ဆွဲကြပါလို့ လိုက်​​အော်​​နေ​ပေမယ့်​ ကန်​​နေကြပြီ။မှတ်​မိတာက အသားဖြူဖြူနဲ့တစ်​​ယောက်​ နှုတ်​ခမ်း​မွှေးနဲ့တစ်​​ယောက်​ပါ။

ညီမကိုယ်​တိုင်​ အသက်​မီ​အောင်​လို့ လုံခြုံ​ရေး​တွေကို ​ဆေးရုံကား​ခေါ်ခိုင်းပါတယ်​။ကားကလည်း ​တော်​​တော်​​စောင့်​ရပါတယ်​။လုံခြုံ​ရေးအားနည်းတယ်​။ ရိုးရိုးတန်း VIP VVIP​တွေ​​ရောဆို​တော့ လူဖြန့်​ထားရလို့​တော့​ပြောပါတယ်​။လူ​တွေဝင်​ဆွဲတဲ့အချိန်​မှာ ​နောက်​ကျ​နေပြီ။CCTV ကို ညီမကို​ပေးကြည့်​တာ မရှိဘူး။ရဲက​တောင်းထားလား။မ​တောင်းထားလားမသိဘူး၊​ဆေးရုံသွားတဲ့အချိန်​မှာ ​သွေးအန်​​နေပြီ။သူကအရက်​လည်းမ​သောက်​တတ်​ဘူး။

အရမ်းလည်း​အေးတယ်​။သူနဲ့တွဲလာတဲ့နှစ်​နှစ်​မှာ ရန်​ဖြစ်​တာမျိုး၊ သူ့ကိုမုန်းတဲ့သူမျိုးမကြားဖူးဘူး။တွေ့ဖူးသမျှထဲမှာ အ​ကောင်းဆုံး​ယောကျာ်းတစ်​​ယောက်​ပါ။မိန်းမကိစ္စရှုပ်​တာလည်းမရှိဘူး။ရန်​ငြိုး ရန်​စလည်းမရှိဘူး။လူမှားလုပ်​ခံရတာပါ။မိဘကိုရှာ​ကျွေး​နေသူပါ။ချစ်​သူအ​ပေါ်လည်း​ကောင်းတယ်​။သူငယ်​ချင်း​တွေအ​ပေါ်လည်း​ကောင်းတယ်​။သူ့fan​တွေကို​ပျော်​​အောင်​လုပ်​​ပေးတယ်​။အဲ့တာ့​ကြောင့်​ သူ​ကောင်းရာမွန်​ရာ​ရောက်​မယ်​လို့ ယုံကြည်​ပါတယ်" ​။ ဆိုပြီးပြောထားပါတယ် ။

Credit:8day 
 


03 Jan 2018     1,343 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment