BEC-TERO TV

မွေးနေ့မွေးလမှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲကျင်းပဖို့ ရည်၇ွယ်ထားတယ် ဆိုတဲ့ လွှမ်းပိုင်

03 Jan 2018     1,277 Views


တစ်ကိုယ်တော် ဖျော်ဖြေပွဲ လုပ်ဖို့ အစီစဉ်ရှိပေမယ့် မကြာခင်မှာတော့ အကောင်အထည်ဖော်လာတော့မှာပါလို့ ပြောထားတဲ့ လွှမ်းပိုင်က “ One Man Show လုပ်ဖို့အတွက် ကြိုးစားနေတာကြာပါပြီ ။ တော်တော်လေးကြာနေပြီ ၃ နှစ် ၄ နှစ်လောက် ရှိပါပြီ ။ လုပ်မယ် စဉ်းစားလိုက်အဆင်သင့် Ready  မဖြစ်သေးဘူးဆိုပြီး ဖြုတ်လိုက်နဲ့ ဖြစ်နေတာ ဒါပေမယ့် ဒီနှစ်တော့ One Man Show လုပ်ကြည့်ရင်ကောင်းမလားဆိုပြီးတော့ စဉ်းစားနေတာ ။ မတ်လ ထဲလောက်လုပ်ရင် ကောင်းမလား စဉ်းစားထားတယ် ။ မွေးနေ့မွေးလ လေးလဲ ဖြစ်တော့ ။ သီချင်းတွေမှာ Band နဲ့ ဆိုချင်တဲ့ သီချင်းလေးတွေရှိတယ် ။ လုပ်ရင်းလုပ်ရင်းနဲ့ အိုင်ဒီယာ က ထွက်လာမှာပဲ ။ အဲ့ဒါလေးတွေကို အရင်ဆုံး သီချင်းလေးတွေဘာတွေ တိုက်ကြည့်ပြီးမှ လုပ်ကြည့်ချင်ပါတယ် ။

ဇာတ်ကားတွေ လည်း ရိုက်ကူးထားပြီး  ငါ့ကိုမုန်းတဲ့ မုန်တိုင်း ကို တစ်လပိုင်းလောက် ရုံတင်တော့မှာပါ ။ ရုံတင်ခဲ့ ရင် ကျွန်တော်တို့လည်း ကြည့်ရမယ် ပရိသတ်တွေလည်း ကြည့်ရမယ် ။ ကျွန်တော်လည်း  အဲ့ဒိဇာတ်ကားလေးကို အချောသတ် ၊ နောက်ခံ တေးဂီတတွေရော ၊ ဘာတွေရော မကြည့်ရသေးဘူး ။ အဲ့ဒိဇာတ်ကားလေးကို ကျွန်တော်လည်း တအားကြည့်ချင်နေပါပြီ” ဆိုပြီး ပြောထားပါတယ် ။ 

Credit:popular 


03 Jan 2018     1,277 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment