BEC-TERO TV

သွားတိုက်နေတဲ့ ပုံတွေပျံ့နှံ့တဲ့ အပေါ် တရားစွဲမှာ မဟုတ်ကြောင်းပြောလိုက်တဲ့ Gfatt

08 Jan 2018     1,453 Views


လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သွားတိုက်နေတဲ့ ပုံနဲ့ အဆိုတော် Gfatt ဟာ တော်တော်လေး hit ဖြစ်သွားခဲ့ ပါတယ် ။ Troll ကြတဲ့ ပုံတွေလည်း အများကြီးပေါ်ပေါက်ခဲ့ ပါတယ် ။ ထိုကိစ္စတွေနဲ့ ပတ်သတ်ပြီး Gfatt က “တချို့ပရိသတ်တွေက ကျွန်တော် ဒီကိစ္စနဲ့ ပတ်သတ်ပြီး feel ဖြစ်နေမလား မကျေမနပ်ဖြစ်နေမလား troll တဲ့သူတွေအပေါ် ရန်ရှာတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့လေ ။ စိတ်ခံစားမှုအရပေါ့ ။ ဒါပေမယ့် ကျွန်တော် အဲ့ဒိလိုမဖြစ်စေချင်ပါဘူး ။ သူတို့ကိုလည်း ကျွန်တော့ကို မုန်းလို့ troll တယ်လို့မယူဆပါဘူး ။ ဒါက ဟာသ ဖြစ်နေတာကို ။ သူတို့နေရာက သွားကြည့်ရင်လည်း ကျွန်တော်က သာမန် ပရိတ်သတ်တစ်ယောက်ဆိုရင်လည်း နောက်ချင်မိမှာပဲ ။ အဲ့ဒါကို ကိုယ်ချင်းစာပါတယ် အေးဆေးပါ ။

ပုံပျံ့နှံ့ သွားပုံကလည်း ပေါင်းတာကြာနေပီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်က မွေးနေ့မှာ Birthday wish လုပ်လိုက်တာ ။ ကျွန်တော် ငယ်ငယ်က ပုံကို သူက အဲ့လိုလုပ်လိုက်တော့ ပျော်စရာဖြစ်တယ် ရယ်စရာဖြစ်တယ် ။ စိတ်အနှောက်အယှက်ဖြစ်တာတွေ Stress ဖြစ်တာတွေ မရှိပါဘူး ။ စစချင်းတော့ ရှက်ပြီးတော့ စိတ်ဆိုးတာပေါ့ ဘာညာပြောတာပေါ့ ။ ဒီကောင်ကလည်း ချက်ချင်းပြန်ဖျက်ပါတယ် ။ ဒါပေမယ့် မမှီတော့ဘူး ဘာမှမဖြစ်ပါဘူး ။ ကျွန်တော့ အတွက်တော့ အေးဆေးပါ ။ ဟာသတစ်ခုလိုပါပဲ ။ အားလုံးလဲ ပျော်နေကြတာပဲလေ ။ ပျော်ဖို့ကောင်းပါတယ် ။ တရားစွဲမယ် ဆိုပြီ သတင်းတွေ ထွက်နေပေမယ့် ဒါတွေက ကောလာဟလ တွေ ၊ လျှောက်ဖွတဲ့ သတင်းတွေကို မယုံစေချင်ပါဘူး” ဆိုပြီး ပြောထားပါတယ် ။ 

credit:popular


08 Jan 2018     1,453 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment