BEC-TERO TV

၂၀၁၈ မှာကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းများ

10 Jan 2018     1,435 Views


 ယခု ၂၀၁၈ မှာ ဇာတ်လမ်းကောင်းတွေအများကြီးထွက်မှာဖြစ်ပြီး နှစ်ပေါင်းများစွာ စောင့်ခဲ့ရတဲ့ လူကြီးလူငယ်အကြိုက် ဇာတ်လမ်းတွဲတွေ၊ ရင်ခုန်စိတ်လှုပ်ရှားမှုကို ပေးနိုင်မဲ့ စီးရီးတွေဟာ ပရိသတ်တွေကို ရုပ်ရှင်ရုံခဏ ခဏသွားရောက် ကြည့်ရှုချင်လာအောင် ဆွဲဆောင်နိုင်မှာပါ။

၁) Black Panther

 

Marvel ရဲ့ အနက်ရောင်လူစွမ်းကောင်းဟာဆိုရင် ကာတွန်းစာစောင်တွေကနေပြီးတော့ နောက်ဆုံးမှာ ပထမဆုံး တစ်ကိုယ်တော်ရုပ်ရှင်အဖြစ် စတင်ရောက်ရှိလာပါပြီ။ ဒီဇာတ်ကားဟာ Captain America: Civil War ထွက်ပြီးနောက် ဒါရိုက်တာ Ryan Coogler ကတစ်ကိုယ်တော် ရိုက်ကူးပုံဖော်ထားပြီး Black Panther ကို လူစွမ်းကောင်းတစ်ယောက်အနေနဲ့သာမက တိုင်းပြည်တစ်ခုရဲ့ ဘုရင်အဖြစ်နဲ့ပါ တွေ့မြင်ရမှာပါ။ Marvel Cinematic Universe မှာပုံဖော်ရိုက်ကူးထားပြီး စိတ်လှုပ်ရှားဖွယ်ဇာတ်လမ်းအဖြစ်နဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ရောက်ရှိလာမှာပါ။

၂) The Shape of Water

 

ဒါရိုက်တာ Guillermo Del Toro ပုံဖော်ရိုက်ကူးထားတဲ့ စိတ်ကူးယဉ်ဇာတ်ကားတစ်ကားဖြစ်ပြီး အမေရိကန်အစိုးရရဲ့လှို့ဝှက်စက်ရုံတစ်ရုံမှာရှိတဲ့ ကောင်မလေး နဲ့ စမ်းသပ်ခံ ထူးဆန်းတဲ့ လူသားပုံစံ ရေနေသတ္တ၀ါ နှစ်ဦးကြားက အချစ်ဇာတ်လမ်းကိုရိုက်ပြထားတာပါ။ ဒီဇာတ်ကားက ပရိသတ်တော်တော်များများကို ဆွဲဆောင်ထားနိင်ပြီး ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ထွက်ရှိလာမှာပါ။

၃) A Wrinkle in Time

ဒါရိုက်တာ Selma ရိုက်ကူးထားပြီး ၁၉၆၀ ခုနှစ်ကထွက်ခဲ့တဲ့ စိတ်ကူးယဉ်ဆန် သိပ္ပံဝတ္ထုကို ပြန်လည်ပုံဖော်ထားတာပါ။ ဒီဇာတ်လမ်းမှာ အဓိကဇာတ်ဆောင် Meg Murry က ပျောက်ဆုံးသွားခဲ့တဲ့ သူမရဲ့ ဖခင်ဖြစ်သူ သိပ္ပံပညာရှင်ကို စကြာဝဠာအဝေးဆုံးအထိ လိုက်လံရှာဖွေပုံကို ရိုက်ကူးထားတာပါ။ သူမဟာ စကြာဝဠာခရီးသွားသူငယ်ချင်းတွေရဲ့ အကူအညီကိုယူပြီး စကြာဝဠာကို ခြိမ်းခြောက်လာတဲ့ အမှောင်ကပ်ဆိုးကြီးနဲ့ အပြိုင် လှုပ်ရှားပုံများကို စိတ်ဝင်စားဖွယ်တွေ့မြင်ရမှာဖြစ်ပြီး မတ်လ ၂၃ ရက်နေ့မှာ စတင်ထွက်ရှိလာမှာပါ။

၎) Ready Player One

 

ဒီဇာတ်ကားမှာတော့ Oasis လို့ခေါ်တဲ့ အကန့်အသတ်မဲ့စိတ်ကူးယဉ်ကမ္ဘာ အကြောင်း ပုံဖော်ရိုက်ကူးထားပြီး ဒီဇာတ်လမ်းရဲ့အဓိက ဇာတ်ကောင် မိဘမဲ့လေး Wade Watts ရဲ့စွန့်စားပုံတွေကို သိမြင်ရမှာပါ။ ဒီဇာတ် လမ်းမှာဆိုရင် ကောင်လေးဟာ Oasis ကမ္ဘာကိုတည်ထောင်ခဲ့တဲ့သူ ချန်ထားခဲ့တဲ့ Easter Egg ကို လိုက်လံရှာဖွေနေပြီး ဒီပစ္စည်းဟာ Oasis နဲ့ အဲ့ဒီကုမ္ပဏီတစ်ခုလုံးကို ထိန်းချုပ်နိုင်တဲ့ စွမ်းအားတွေပေးနိုင်မှာပါ။ ဒီဇာတ်ကားကို ဒါရိုက်တာ Steven Spielberg ကရိုက်ကူးခဲ့ပြီး မတ် လ ၃၀ ရက်မှာ စတင်ထွက်ရှိလာမှာပါ။

၅) God Particle/ “Cloverfield 3”

 

ဒီဇာတ်ကားကို ဒါရိုက်တာ Julius Onah ကရိုက်ကူးခဲ့ပြီး ဒီဇာတ်ကားမှာတော့ အာကာသစခန်းတစ်ခုမှာ ရှိတဲ့ သိပ္ပံပညာရှင်တစ်စုက စွမ်းအင်သစ်တစ်မျိုးဖြစ်တဲ့  God Particle လို့ခေါ်တဲ့ အမှုန်တစ်မျိုးကို စတင် တွေ့ရှိခဲ့ပြီး မမျှော်လင့်ထားတဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုကြောင့် အန္တာရယ်များတွေ့ကြုံရပုံကို ရိုက်ကူးဖော်ပြထားတဲ့ ထိတ်လန့်ဖွယ် ဇာတ်ကားတစ်မျိုးပါ။ ဒီဇာတ်ကားကို အေပရယ် ၂၀ ရက်နေ့မှာ ရုံတင်မှာပါ။

၅) Avengers: Infinity War

 

Black Panther အပါအ၀င် ရုပ်ရှင်ကားပေါင်း ၁၈ ကားရိုက်ကူးပြီးနောက်ပိုင်းမှာ ထွက်လာတဲ့ ဇာတ်လမ်းအသစ်တစ်ပုဒ်ဖြစ်ပြီး လူစွမ်းကောင်းများစွာပါဝင်တဲ့ အတွက် ပရိသတ်ကြီး အကြိုက်ဖြစ်စေမဲ့ ဇာတ်လမ်းကောင်းလေးပါ။ ဒီဇာတ်ကားကို အေပရယ် ၂၇ ရက်နေ့မှာ ရုံတင်မှာပါ။

၆) Solo: A Star Wars Story

ဒီဇာတ်ကားမှာတော့ အဓိကဇာတ်ကောင် Han Solo ဘယ်လို လူဆိုးလူပေဖြစ်လာတာ လဲဆိုတာကို သိမြင်ရမှာဖြစ်ပြီး Cantina, Mos Eisley မှာ Luke Skywalker နဲ့ Obi-Wan Kenobi တို့ ပထမဆုံး ဆုံတွေ့ကြပုံကိုတွေ့မြင်ရမှာပါ။ ဒီဇာတ်ကားကို မေလ ၂၅ ရက်နေ့မှာ ရုံတင်မှာပါ။

၇) Deadpool 2

 

ဒီနွေရာသီမှာတော့ ဒီဇာတ်ကားပြန်လာတော့မှာပါ။ ဇာတ်လမ်းအကြဉ်းချုပ်က နည်းနည်းပဲ ပါပေမဲ့ ပထမထွက်တဲ့ ဇာတ်ကားလိုမျိုး စိတ်လှုပ်ရှားအောင် ရိုက်ကူးထားတဲ့ တဲ့အတွက် ပရိသတ်တွေ ကြိုက်နှစ်သက်မှာပါ။ ဒီဇာတ်ကားကို Disney အကူအညီနဲ့ Fox Entertainment ကရိုက်ကူးထားပြီး Reynold  Deadpool အဖြစ်သရုပ်ဆောင်တာ ကို နောက်ဆုံးအနေနဲ့ တွေ့ရမဲ့ဇာတ်ကားလဲဖြစ်ပါတယ်။ ဒီဇာတ်ကားက ဂျွန်လ ၁ ရက် န့ မှာ ထွက်ရှိလာမှာပါ။

၈) Incredibles 2

 

၁၄ နှစ်လောက်ကြာပြီးနောက်ပိုင်းမှ ထွက်လာတဲ့ Pixar ရဲ့ အန်နီမေးရှင်း ရုပ်ရှင်ဇာတ်ကားပါ။ဖခင်ဖြစ်သူ Mr. Incrediable ကတော့ အိမ်မှာနေပြီး သူရဲ့ဇနီးဖြစ်သူ Elastigirl က အပြင် ထွက်ပြီး မသမာမှုများကို လိုက်လံတိုက်ထုတ်နေတာပါ။ သူရဲ့ အကြီးမားဆုံး စိန်ခေါ်မှုက တော့ စွမ်းအားကိုယ်စီရှိကြတဲ့ ကလေးသုံးယောက်ကို ထိန်းဖို့ပါ။ လူဆိုးသစ် Underminer ပေါ်လာတဲ့အချိန်မှာတော့ သူတို့မိသားစု ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆို တာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ။ဒီ ဇာတ်ကားကတော့ ဂျူလိုင် ၁၃ ရက်နေ့မှာ ထွက်ရှိလာမှာပါ။

၉) Alita:Battle Angle

 

ဒီဇာတ်ကားက သိပ္ပံနယ်လွန်စိတ်ကူးယဉ် ဇာတ်ကားတစ်ကားဖြစ်ပြီး စက်ရုပ်မလေး Alita ရဲ့ အသက်ရှင်ဖို့အတွက် ရုန်းကန်လှုပ်ရှားပုံတွေကို ရိုက်ကူးပြသထားတာပါ။ ဂျူလိုင် ၂၀ ရက်နေ့မှာ ထွက်ရှိလာမဲ့ ကားကောင်း တစ်ကားဖြစ်မှာပါ။

 


10 Jan 2018     1,435 Views




RELATED

Most Popular of Special or Others

Most Popular of Entertainment