BEC-TERO TV

အမျိုးသမီးတွေအတွက် စိတ်ပင်ပန်းမှုဖြေဖျောက်နိုင်မဲ့ နည်းလမ်းသစ်

10 Jan 2018     1,303 Views


           အကယ်လို့ သင်ဟာ စိတ်ဖိစီးမှုများနေမယ်ဆိုရင် သင့်ချစ်သူ ပါတနာဝတ်ခဲ့တဲ့ အင်္ကျီစမှာ ဆွဲနေတဲ့ အနံ့ကိုရှူခြင်းဖြင့် စိတ်ပင်ပန်းမှုဖြေဖျောက်နိုင်တယ်လို့ ဆေးပညာရှာဖွေမှုသစ်တစ်ရပ်က  ဆိုထားပါတယ်။ ဗြိတိန်နိုင်ငံ ကိုလမ်ဘီယာ တက္ကသိုလ်တစ်ခုမှ လေ့လာဆန်းစစ်သူတွေဟာ သင့်ချစ်သူ ပါတနာဝတ်ခဲ့တဲ့ အ၀တ်အစားတွေကို ရှူခြင်းဖြင့် အမျိုးသမီးရဲ့သွေးမှာပါတဲ့ စိတ်ဖိစီးမှုဖြစ်စေနိုင်တဲ့ ဟိုမုန်းကိုထုတ်ပေးတဲ့ အင်္ဂါရပ်တွေကို ပြေပျောက်စေနိုင်ကြောင်း သက်သေပြခဲ့ကြပါတယ်။

      လူအများစုဟာ သူတို့ချစ်သူ ဒါမှမဟုတ် ခင်ပွန်းရဲ့ အ၀တ်အစားတွေကို သူတို့မရှိတဲ့အချိန်နဲ့ အိပ်တဲ့အချိန်တွေမှာ ယူဝတ်တတ်ကြပြီး ဒီလို ပြုလုပ်ခြင်းဟာ သူတို့ကိုယ်တိုင်မသိလိုက်ချိန်မှာပဲ အလေ့အကျင့်တစ်ခုလိုဖြစ်သွားစေပါတယ်။ လေ့လာသူတွေရဲ့ စမ်းသပ်မှုအသစ်အရ ပါတနာရဲ့ ကိုယ်သင်းနံ့ ဒါမှမဟုတ် အသုံးပြုနေကျပစ္စည်းတွေဟာ စိတ် ပင်ပန်းမှုကို ဖြေဖျောက်ရာမှာ အားကောင်းတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်စေပြီး ဒီလိုစမ်းသပ်ရာမှာ အမျိုးသမီးတွေကို သုံးရခြင်းမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အနံ့ခံအာရုံပိုကောင်းတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ထပ်မံရှာဖွေမှုတွေအရ အမျိုးသမီးတွေဟာ သူတို့ချစ်တဲ့သူတွေရဲ့ အနံ့နဲ့စမ်းသပ်တဲ့အခါမှာ ပိုပြီးထိရောက်တာကို တွေ့ရှိခဲ့ပါတယ်။

လေ့လာဆန်းစစ်သူတွေဟာ လူတွေဟာ ငယ်ရွယ်သေးတဲ့အချိန်မှာ လူစိမ်းတွေကို ကြောက်ရွံကြောင်း၊ အထူးသဖြင့် ကိုယ်မသိတဲ့ ယောကျာ်းသားတွေနဲ့ တွေ့ရင် သူတို့ရဲ့ အနံ့ဟာ ထိုသူတွေရဲ့ စိတ်ဖိဆီးမှု အဆင့်ကို မြင့်တက်စေနိုင်တဲ့ အလားအလာရှိလာနိုင်ကြောင်း ပြောခဲ့ပြီး ဒီရှာဖွေမှုရဲ့ ရည်ရွယ်ချက်က ကိုယ်ချစ်သူ ခင်ပွန်းနဲ့ ဝေးကွာနေတဲ့အချိန်မှာ သူတို့ဝတ်ဆင်ခဲ့တဲ့ အ၀တ်အစားအချို့ကို ယူထားခြင်းဖြင့် စိတ်ပင်ပန်းမှုတွေ ဖြေဖျောက်နိုင်စေဖို့လို့ ဆိုပါတယ်။

 

ref:  livescience


10 Jan 2018     1,303 Views




RELATED

Most Popular of Special or Others

Most Popular of Life Style