BEC-TERO TV

လျှော်ကြေးက ရှေ့နေက ချမှတ်ပေးထားတာပါဆိုတဲ့ ရွှေအိမ်စည်

10 Jan 2018     1,248 Views


လျှော်ကြေးတောင်းထားမှု အပေါ် ရွှေအိမ်စည် က “ Miss Universe Myanmar Organization ကို လျှော်ကြေးတောင်းတဲ့ကိစ္စတွေက ရှေ့နေနဲ့ တိုင်ပင်ပြီးမှလုပ်တာပါ ။ Organization ဘက်ကတော့ မဆက်သွယ်လာပါဘူး ညှိနှိုင်းမှုမရှိပါဘူး ပထမ အကြိမ်ကော အခု ဒုတိယ အကြိမ်ကော ဆက်သွယ်လာတာမျိုးမရှိပါဘူး ။ အိမ်စည် ကတော့ နည်းလမ်းအတိုင်းပဲ လုပ်နေတယ် ။ အချိန်နည်းနည်းယူရတာတော့ ရှိတယ် ။ သူတို့ကို အိမ်စည် တို့ဘက်က အချိန်နှစ်ပတ်ပေးထားတယ် ။  ပထမ အကြိမ်တုန်းကလည်း စာပို့တယ် နှစ်ပတ်အချိန်ပေးတယ် ဆက်သွယ်မလာဘူး တစ်လလောက်ဖြစ်သွားတယ် ။ Miss Universe သွားပြိုင်နေတဲ့အချိန် ဖြစ်တဲ့အတွက် အိမ်စည် ဘက်ကနေ နည်းလည်မှုပေးထားတယ် ။ လုံးဝ အဆက်သွယ်ပါဘူး ။ သတင်းစာမှာထည့်တာကလည်း မမြင်ဘုးဆိုတာ လုံးဝမဖြစ်နိုင်ဘူး ။ အဲ့ဒါလည်း မဆက်သွယ်လာဘူး ။ ဒီအခြေအနေကို ကြည့်ပြီး မညှိနှိုင်းဘူးဆိုတဲ့ အဓိပ္ပာယ်သက်ရောက်နေတဲ့အခါကျတော့ အိမ်စည်တို့ ရှေ့ဆက်ဆောင်ရွက်သွားမယ် ။

အမှုရင်ဆိုင်ရင်တော့ အတက်နိုင်ဆုံး စိတ်ကိုပြင်ဆင်ထားတယ် ။ အမှုရင်ဆိုင်တယ်ဆိုတာက အကြာကြီးလေ နှစ်တွေကြာသွားနိုင်တယ် တစ်နှစ်၊ နှစ်နှစ် ၊ သုံးနှစ် လောက်ကြာသွား နိုင်တယ် ။

လျှော်ကြေးငွေကိုများတယ်လို့ ထင်ကြပေမယ့် နည်းတယ်ထင်တဲ့ သူတွေကလည်း နည်းတယ်ထင်ကြပါတယ် ။ ဒီ ပမာဏ ကလည်း ရှေ့နေနဲ့ တိုင်ပင်ပြီး ရှေ့နေကချမှတ်ပေးလိုက်တဲ့ ပမာဏပါ ။ အိမ်စည်က နည်းစနစ် အတိုင်းပဲ သွားတာပါ ။

အမှု ကိစ္စတွေ ဖြစ်နေပေမယ့် အိမ်စည် အနေနဲ့ အနုပညာအလုပ်တွေ အခြားအလုပ်ကိစ္စတွေကိုမထိခိုက်စေချင်ဘူး ။ တက်နိုင်သလောက်ခေါင်းထဲကထုတ်ထားတယ် ရှေ့နေကိုအပ်ထားပြီး ကိုယ်လုပ်စရာရှိမှ လက်မှတ်ထိုးစရာလိုမှပဲ လုပ်တော့တယ်” ဆိုပြီး လျှော်ကြေးနဲ့ ပတ်သတ်ပြီး ပြောပြသွားခဲ့ ပါတယ် ။ 

Credit:democracy


10 Jan 2018     1,248 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment