BEC-TERO TV

ခိုင်နှင်းဝေနဲ့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တို့ ပူးပေါင်းစီစဉ်တဲ့ ကလေးသူငယ်ရန်ပုံငွေပွဲ

11 Jan 2018     1,412 Views


တိရစ္ဆာန်ဥယျာဉ်(ရန် ကုန်)နှင့် ခိုင်နှင်းဝေ ပရဟိတလူ ငယ်များအသင်းတို့ ပူးပေါင်း၍ တိရစ္ဆာန်ဥယျာဉ် (၁၁၂)နှစ်ပြည့် အထိမ်းအမှတ် ကလေးသူငယ် များ ရန်ပုံငွေပွဲကို ဇန်နဝါရီ ၁၃ နှင့် ၁၄ ရက်တွင် တိရစ္ဆာန်ဥယျာဉ်၌ ပြုလုပ်မည်ဖြစ်ကြောင်း သရုပ်ဆောင် ခိုင်နှင်းဝေက ပြောထားပါတယ် ။

‘‘ကျွန်မက မိဘမဲ့ကလေး တွေအတွက် ကျောင်းဆောက်ပြီး လှူဒါန်းနေတာ ဖြစ်တဲ့အတွက် တိရစ္ဆာန်ဥယျာဉ်ဘက်ကနေပြီး တော့ လာပြီး ကမ်းလှမ်းတယ်။ မိဘမဲ့ကလေးတွေ ပြုစုစောင့် ရှောက်ရေးဂေဟာတွေမှာရော၊ နောက် တခြားလိုအပ်နေတဲ့ နေရာတွေမှာပါ လှူဒါန်းပေးချင်တဲ့အ တွက်ကြောင့်မို့လို့၊ ကျွန်မတို့ ဆောက်နေတဲ့ ကျောင်းကြီးအ တွက် အလှူငွေရန်ပုံငွေတွေ လိုအပ်တဲ့ အတွက်ကြောင့်မို့လို့ တိရစ္ဆာန်ဥယျာဉ်နဲ့ ပူးပေါင်းပြီး လုပ်ဖြစ်သွားတာပါ

ပွဲမှ ရရှိမည့် ရန်ပုံငွေများကို မိဘမဲ့ကလေးငယ်များအား လှူ ဒါန်းရန်အပြင် ကင်ဆာဆေးရုံများ သို့လည်း လှူဒါန်းရန် စဉ်းစားထားပါတယ် ။

ပွဲမှာ  အခြားသော ပရဟိတအသင်း ၁၂ သင်းကပါ ပါဝင်အားဖြည့်ထားပါတယ် ။ မင်္ဂလာပါ ပရဟိတလူငယ် အသင်းနဲ့ ကလေးရန်ကုန်ကမ်ပိန်း ကနေ ပညာပေးသံချပ်တွေပါ မယ်။ ကလေးတွေနဲ့ပတ်သက်တဲ့ သံချပ်တွေလည်း ပါသလို ရန်ကုန်မြို့တော်ကြီးလှပသန့်ရှင်းရေးအ တွက် သံချပ်တွေပါမယ်။ ကလေး တွေအတွက် ပြခန်းတွေ စီစဉ်ပေး ထားတယ်။ ကုလသမဂ္ဂနဲ့ တရား ဝင်ချုပ်ဆိုထားတဲ့ စာချုပ်ထဲက ကလေးအခွင့်အရေးဘာတွေပါ သလဲ။ ဒါတွေအကုန်လုံးကို ကလေးတွေ ဗဟုသုတအနေနဲ့ ကြည့်ရှုလို့ရမယ့် အစီအစဉ်တွေ လည်း ထည့်သွင်းထားတယ်။ ကလေးတွေအားလုံးကို ကာလာ Painting ခြယ်ပေးတာမျိုး၊ အခု ဓာတ်ပုံရိုက် အခု ချက်ချင်းရတဲ့ အစီအစဉ်လေးတွေလည်း ထည့် သွင်းထားပါတယ်’’ ဆိုပြီး ပြောသွားခဲ့ ပါတယ် ။

Credit:7day daily 


11 Jan 2018     1,412 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment