BEC-TERO TV

ပုစွန်ထုတ်ကြီးများ အရှင်လတ်လတ်ရေနွေးတွင် ထည့်ပြုတ်မှုကို တားမြစ်

12 Jan 2018     2,507 Views


လော့ဘ်စတာဟုခေါ်သော ကျောက်ပုစွန်ထုတ်ကြီးများကို စာသောက်ဆိုင်များတွင် အရှင်လတ်လတ် ပွက်ပွက်ဆူနေသောရေနွေးထဲထည့်ကာ ချက်ပြုတ်ရောင်းချခြင်းကို ဆွစ်ဇာလန်နိုင်ငံ အစိုးရမှ ပိတ်ပင်တားမြစ်လိုက်သည်။


ဆွစ်ဇာလန်နိုင်ငံရှိ တိရိစ္ဆာန်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအဖွဲ့နှင့် အစိုးရတို့ပူးပေါင်းကာ အဆိုပါဥပဒေတစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။
အရှင်လတ်လတ် ရေနွေးပူပူတွင် ထည့်ခြင်းကြောင့် နာကျင်မှုဝေဒနာကို မချိမဆံ့ခံစားစေရသည့်အတွက် ပုဇွန်ထုတ်ကြီးများကို ချက်ပြုတ်တော့မည်ဆိုပါက မူးမေ့နေအောင် လုပ်ပြီးမှသာ ချက်ပြုတ်ရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဆွစ်ဇာလန် လူထုပြန်ကြားရေးအဖွဲ့၏ အဆိုအရ မူးမေ့သွားအောင် လုပ်ရမည့်အခြေနေတွင် လျှပ်စစ်ရှော့ခ်တိုက်ခြင်း သို့မဟုတ် အခြားသော နည်းပညာအသုံးပြုမှုကို လက်ခံမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုပြင် ကျောက်ပုဇွန်နှင့် အခြားအခွံမာ ပင်လယ်စာများကို အရှင်လတ်လတ် ရေခဲရိုက်ပြီး တင်ပို့ခြင်းကိုလည်း ခွင့်ပြုတော့မည်မဟုတ်ပဲ သဘာဝအတိုင်းအခြေအနေ ဖန်တီးပေးမှသာ တင်ပို့ခွင့်ပြုတော့မည်ဖြစ်ကြောင်း ဆွစ်ဇာလန်အစိုးရက ပင်လယ်စာတင်သွင်းမှုဥပဒေကို ကန့်သတ်လိုက်ကြောင်း သိရှရသည်။


12 Jan 2018     2,507 Views




RELATED

Most Popular of International News

Most Popular of NEWS