ရာနဲ့ချီတဲ့ ဒရုန်းများ အုပ်စုဖွဲ့ပျံသန်းကာ မီးအလှပုံဖော်သရုပ်ပြ
12 Jan 2018 1,918 Views
ဒရုန်းအစင်းပေါင်း ၂၅၀ စုပေါင်းကာ ကောင်းကင်ယံတွင် မီးအလှထွန်းညှိပုံဖော် ပျံသန်းမှုကို လာစ့်ဗီးဂတ်ရှိ အပန်းဖြေဟိုတယ် Bellagio အပေါ်မှ သရုပ်ပြပျံသန်းပြသခဲ့သည်။


အဆိုပါသရုပ်ပြမှုမှာ ၂၀၁၈ ခုနှစ် လျှပ်စစ်ပစ္စည်းပြပွဲတွင် ပြသရန်အတွက် အစမ်းလေ့ကျင့်ခဲ့ခြင်းဖြစ်သည်။ အုပ်စုဖွဲ့ ပျံသန်းနေသော “Shooting Star” ဒရုန်းများကို တွင် တပ်ဆင်ထားသော LED မီးသီးများမှ အရောင်ပေါင်း လေးသန်းကျော်ကို ပေါင်းစပ်ဖန်တီးနိုင်ကြောင်း သိရှိရသည်။







