BEC-TERO TV

အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ထောင်တွင်းဆေးရုံ၌ကွယ်လွန်

15 Jan 2018     1,527 Views


အိမ်အကူမိန်းကလေးငယ်များကို ညှဉ်းပန်းနှိပ်စက်မှုဖြင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းခံထားရသော အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာမှာ ဇန်နဝါရီ ၁၃ ရက်နေ့ညက ထောင်တွင်းဆေးရုံ၌ ကွယ်လွန်ခဲ့ကြောင်း သိရှိရသည်။

ဒေါ်တင်သူဇာမှာ နှလုံးရာဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ ဆီးချိုရောဂါများ ခံစားနေရပြီး အဆိုပါရောဂါများဖြင့် အင်းစိန်အကျဉ်းထောင်ဆေးရုံတွင် ဇန်နဝါရီ ၁၃ ရက် ည ၁၁ နာရီခွဲအချိန်တွင် ကွယ်လွန်ခဲ့ကြောင်း အကျဉ်းဦးစီးဌါနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောကြားခဲ့ကြောင်း ဒီမိုကရေစီတူဒေးတွင် ဖော်ပြထားသည်။

ဒေါ်တင်သူဇာမှာကွယ်လွန်ချိန်တွင် အသက် (၅၉)နှစ်ရှိပြီဖြစ်သည်။ မိသားစုအနေနဲ့ ကိုယ်တိုင်သင်္ဂြိုလ်လိုပါက အကျဉ်းထောင်ဥပဒေများနဲ့အညီ တောင်ခံနိုင်ပြီး မသင်္ဂြိုလ်လိုပါက အကျဉ်းထောင်က အစဉ်အလာနဲ့အညီ လုပ်ကိုင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဒေါ်တင်သူဇာသည် အိမ်အကူမိန်းကလေးများနှိပ်စက်မှုဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၁၆ နှစ်နှင့် တစ်လ ပြစ်ဒဏ်ချမှတ်ခံထားရသူလည်းဖြစ်သည်။
 


15 Jan 2018     1,527 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS