BEC-TERO TV

မသင်္ကာ၍ စောင့်ကြည်ရာမှ လူကုန်ကူးခံရမည့်ကလေးငယ်ကိုကယ်တင်ခဲ့သောအမျိုးသမီး

15 Jan 2018     1,489 Views


Lee လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်ဟာ သူမစီးလာတဲ့ ဘတ်စ်ကားပေါ်မှာ လူတစ်ယောက်တက်လာတာကို တွေ့လိုက်ရပါတယ်။ ထိုသူဟာရှပ် အင်္ကျီအဖြူကိုဝတ်ဆင်ထားခဲ့ပြီး ကလေးငယ်တစ်ယောက်ကိုချီထားကာ ဘတ်စ်ကားခ မပေးဆောင်ဘဲ ခုံအလွတ် တစ်ခု မှာဝင်ထိုင်နေခဲ့ ပါတယ်။ Lee ဟာ ဆက်လက်စောင့်ကြည့်နေရာထူးခြားတဲ့ အချက်တွေကို တွေ့လိုက်ရပါတယ်။ ထိုသူဟာ ကလေး ငယ်က သည်းထန်စွာ ငိုကြွေးနေသောကြောင့် ကျောကုန်းကို ပုတ်ပေးရာတွင် သာမန်မိဘတွေနဲ့ မတူဘဲ ကြမ်းကြမ်းတမ်းတမ်း ပုတ်ပေးနေတာကို တွေ့လိုက်ရတာကြောင့် သံသရဖြစ်ခဲ့ပါတယ်။ နောက်ထပ် မသင်္ကာစရာတစ်ချက် ကတော့ ဒီအချိန်ရာသီဥတု မျိုးဟာ ကလေးငယ်တွေ အတွက် အေးတဲ့ ရာသီဖြစ်နေတာတောင် ကလေးငယ်အတွက် အနွေးထည်တစ်ထည် တောင်ဝတ်ပေးထားခြင်းမရှိတာပါ။ သူမဟာမသင်္ကာ တာကြောင့် ရဲဌာနကို ဓာတ်ပုံပို့၍ တိုင်ကြားခဲ့သော်လည်း ဖုန်း ဘက်ထရီအားကုန်သွားခဲ့သောကြောင့် ထိုသူနောက်ကိုဆက်လက်လိုက်ကြည့်ရန်ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

              Lee ရဲ့ဆုံးဖြတ်ချက် ဟာမှန်ကန်ခဲ့ ပါတယ်။ ထိုသူဟာကားမှတ်တိုင် အဆုံးထိုဆက်လက်စီသွားပြီး တစ်ဖန်ရထားပြောင်းစီးရန် ရထားဘူတာ မှာစောင့်ဆိုင်းနေခဲ့ပါတယ်။ Lee ဟာနီးစပ်ရာ ဖုန်းခေါ်ဆိုနိုင်တဲ့နေရာကို သွား၍ ရဲစခန်းကို ချက်ချင်း အကြောင်းကြားခဲ့ ပါတယ်။ ကံကောင်းထောက်မ စွာဖြင့် ထိုသူကို ကလေးငယ်နှင့် အတူ ရထားဘူတာမှာ နောက်ထပ်၂ နာရီခန့် အကြာမှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ရဲဌာနမှ ဒီကလေးငယ်ဟာ ပြန်ပေးဆွဲ ခံခဲ့ ရပြီး လူကုန်ကူမှုရဲ့သားကောင်ဖြစ်ခဲ့ ရတော့မလို့ဟုဆိုသည်။ Lee ကိုရဲဌာနမှ သူမရဲ့ လုပ်ဆောင်ချက်အပေါ် ချီးကျူးပြောကြားခဲ့ပါတယ်။


15 Jan 2018     1,489 Views




RELATED

Most Popular of Special or Others

Most Popular of NEWS