BEC-TERO TV

ပြေးလမ်းချော်လေယာဉ်တစ်စီး ချောက်ကမ်းပါထဲထိုးဆင်းမှု တူရကီတွင်ဖြစ်ပွား

15 Jan 2018     1,590 Views


ခရီးသည်အပြည့်ပါလာသော လေယာဉ်တစ်စီး ဆင်းသက်စဉ် ပြေးလမ်းပေါ်မှချော်ကာ ချောက်ကမ်းပါးအစွန်းတွင် တွဲလောင်းချိတ်နေသော ဖြစ်စဉ်တစ်ခု တူရကီနိုင်ငံ၌ ဇန်နဝါရီ ၁၃ ရက်နေ့ညက ဖြစ်ပွားခဲ့သည်။

ခရီးသည်နှင့် အမှုထမ်းများအပါအဝင် အားလုံး (၁၆၂)ဦးလိုက်ပါလာသော Pegasus လေကြောင်းလိုင်းမှ ဘိုးရင်း 737-800 သည် တူရကီနိုင်ငံ ပင်လယ်နက်ကမ်းနဘေးတွင်ရှိသော ထရပ်ဇွန် လေဆိပ်သို့ ဆင်းသက်စဉ် ပြေးလမ်းပေါ်မှ ချော်ကာ ပင်လယ်နက်ချောက်ကမ်းပါးတွင် တွဲလောင်းချိပ်နေခဲ့ခြင်းဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် လေယာဉ်ပေါ်မှလူအားလုံး ထိခိုက်ဒဏ်ရာ ကြီးကြီးမားမားမရရှိခဲ့ပဲ သေဘေးမှ လွတ်မြောက်ခဲ့ကြကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါလေယာဉ်သည် တူရကီနိုင်ငံ၏ မြို့တော် အန်ကာရာမှ စနေနေ့ညနေပိုင်းက ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။

အတည်မပြုနိုင်သော သတင်းပေးပို့ချက်အရ လေယာဉ်ဆင်းသက်စဉ် ငှက်များ၏ အနှောက်ယှက်ကြောင့် ပြေးလမ်းချော်ကာ ရွံညွှန်ထဲမှတစ်ဆင့် ကမ်းပါးထဲသို့ ထိုးဆင်းသွားခဲ့သည်။ လေယာဉ်ဆီအနံ့များ ရခဲ့သည့်အတွက် ပေါ်ကကွဲတော့မည်ဟု ယူဆခဲ့ကြသော်လည်း ပေါက်ကွဲမီလောင်မှု မဖြစ်ခဲ့ကြောင်း ခရီးသည်များထံမှ သိရှိရသည်။


15 Jan 2018     1,590 Views




RELATED

Most Popular of International News

Most Popular of NEWS